Epi - 15

195 7 0
                                        

Unicode

" သက်သာရဲ့လားလင်္ကာ ခေါင်းကိုက်နေသေးလား"

မေးခွန်းအပြင်လက်ကပါနဖူးပြင်ဆီသက်ဆင်းလာသေးသည်။

" သက်သာပါတယ်ဆိုကွာ ကိုယ်ပူလည်းမရှိတော့ဘူးဟုတ်ပြီလား"

" မောင်ကစိတ်ပူလို့လေလင်္ကာရဲ့"

" ဟုတ်ပါပြီ ကိုယ်သက်သာတာမို့ ပုပ္ပားကိုပြန်လှည့်လိုက်ပါလား"

မိမိနေမကောင်းသည်မို့ ပုပ္ပားကိုပင်မဝင်တော့ပဲ မန္တလေးသို့တိုက်ရိုက်ပြန်ဆင်းချလာသူအား ရောက်တုန်းရောက်ခိုက်နေရာစုံစေချင်သည့် စေတနာဖြင့် ဘုန်းမြတ်လင်္ကာနားချမိသည်။

" မလှည့်ဘူး လင်္ကာနေမကောင်းတာကိုမောင်ကဘယ်လိုသွားနိုင်မှာလဲ"

" တစ်ခါတစ်ခါရောက်ဖို့ကမလွယ်ဘူးလေမောင်ရယ် ရောက်တုန်းရောက်ခိုက်နေရာစုံစေချင်လို့ပါ"

" လင်္ကာပင်ပန်းမှာလေ တော်ပြီဗျာ နေမကောင်းတဲ့သူကအရမ်းစကားများတာပဲ ခေါင်းပြန်ကိုက်နေမယ်အိပ်တော့"

ပါးစပ်ကလည်းပြော လက်ကလည်းခေါင်းကိုသူပုခုံးထက်ဆွဲမှီချလိုက်သူကြောင့် အလိုက်သင့်လေးသာနေလိုက်လေတော့သည်။

ကောင်းပြည့်စုံ‌တစ်ယောက် သူ၏တတိယဘီးဘဝကိုအတော်လေးစိတ်ကုန်လာချေပြီ။ မနေ့ကမျက်ရည်လည်ရွဲနှင့် မျက်စိမျက်နှာပျက်နေကြသူများမှာသူတို့မဟုတ်သည့်အတိုင်း။

" အစ်ကိုတို့ခင်ဗျ ကားပေါ်မှာနှစ်ယောက်တည်းရှိတာမဟုတ်တာသတိရပေးပါဗျ"

ကောင်းပြည့်စုံရဲ့ရွှတ်နောက်နောက်အသံကြားတော့ ဘုန်းမြတ်လင်္ကာတစ်ယောက် ရေနွေးပူနှင့်အပက်ခံလိုက်ရသည့်နှယ် မျက်နှာတစ်ပြင်လုံးပူနွေးသွားရသည်။ အလိုလိုပင်မောင့်ပုခုံးထက်မှီထားသည့်ဦးခေါင်းကိုလည်းဆတ်ခနဲပင် ပြန်မတ်လိုက်မိလေသည်။

တဆက်တည်းပင်မောင့်မျက်နှာကိုကြည့်လိုက်မိတော့ မျက်ခုံးနှစ်ဖြာကိုတွန့်ချိုးထားကာ မျက်နှာမှာခပ်သိုးသိုး နှုတ်ခမ်းဖျားတို့ထံမှတော့ မကျေမနပ်စကားသံတို့စတင်ထွက်ပေါ်လာလေတော့သည်။

My Beloved Tourist Guide (Complete)Where stories live. Discover now