Unicode
(*ဖြင့်ရေးထားသောနေရာများကို Norwegian ဖြင့်ပြောသည့်ဟုနားလည်ပေးပါရန်)
*Boss Mr.ဘုန်းမြတ်ရဲ့နာရီနဲ့ကျောပိုးအိတ်က လမ်းမှာတင်ပစ်ချထားခဲ့ခံရပါတယ်*
*ဘယ်လို! နေဦးအဲ့ဒါအခု ဘယ်နားမှာလဲ တောင်ဒဂုံစက်မှုဇုန်တွေဘက်မှာပါboss*
*ခဏလေး။မင်းတို့အခု ပစ္စည်းတွေ့တဲ့နားမှာပဲမလား*
*ဟုတ်ပါတယ်*
*အင်း အဲ့နားမှာခဏစောင့် ကိုယ်တစ်ခုခုကြံကြည့်ဦးမယ်*
ကြားလိုက်ရသည့် သတင်းစကားကြောင့် အစည်းအဝေးပင်ပြီးအောင်မတက်နိုင်ခဲ့ချေ။ အခုလည်း ခြေရာခံနိုင်မည့်အရာအားလုံးက လမ်းမှာတင်ပစ်ချခံခဲ့ရသည်မို့ ပူနေသည့်စိတ်အစဉ်က အငွေ့ပျံ့တော့မည့်နှယ် ဆတိုးပူလောင်လာရလေသည်။
လမ်းဘေးတွင်ကားကိုချရပ်လိုက်ပြီးနောက် ခေါင်းအေးအေးထားကာ စဉ်းစားခြင်းအမှုကိုပြုရသည်။ သေချာပေါက် သည်လူက သူ့အိမ်ကိုခေါ်သွားမှာတော့မဟုတ်။
ခြေရာခံနိုင်စရာဘာရှိလဲစဉ်းစားကြည့်တော့ ဖျက်ခနဲခေါင်းထဲဝင်လာသည်က name plate။ ထိုname plate၏ နောက်ကျောဘက်တွင် သေးငယ်သည့် ခြေရာခံစက်တစ်ခုကို သူတပ်ဆက်ပေးထားခဲ့လေသည်။
*Alex ကျောပိုးအိတ်ထဲမှာ name plateတွေ့မိလား*
*ခဏboss ကျွန်တော်တို့ရှာကြည့်လိုက်မယ်*
မိနစ်ဝက်လောက်အကြာတွင်တော့ *name plate မရှိပါဘူး* ဟူသည့်တုံ့ပြန်မှုကိုကြားရလေသည်။
*သူ့ကိုဖမ်းတဲ့နေရာမှာရော ကျနေခဲ့တာမျိုးတွေ့ခဲ့မိသေးလား*
*သေတော့မသေချာပေမယ့် မတွေ့ခဲ့မိသလိုပါပဲboss*
*ဟုတ်ပြီ အဲ့ဒါဆိုခဏလေး ကိုယ်locationရှာလိုက်မယ်*
ဖုန်းနှင့် နာရီရှိ GPSတို့ကို Alexတို့နှင့်ချိတ်ဆက်ထားသော်ငြား name plateမှ ကြမ်းပိုးအရွယ် ခြေရာခံစက်ကလေးကဖြင့် Fred၏ဖုန်းနှင့်သာ ချိတ်ဆက်ထားလေသည်မို့ ကိုယ်တိုင်ရှာရပြန်သည်။
*ကိုယ်locationပို့လိုက်မယ် mapဖွင့်ပြီး မောင်းသွားလို့ဖြစ်တယ်မလား*
VOUS LISEZ
My Beloved Tourist Guide (Complete)
Roman d'amourမောင့်လင်္ကာက သိပ်ကိုတော်တဲ့ ဧည့်လမ်းညွှန်တစ်ယောက်မို့ ဘဝဆိုတဲ့ခရီးရှည်မှာရော လင်္ကာကမောင့်အတွက် ဘဝလမ်းညွှန်လေးဖြစ်ပေးနိုင်မလား *Fredrik Eden (ပြည်ချစ်မောင်)*