Epi - 1

809 26 0
                                        

Unicode

Yangon International Airport

Luggageတစ်လုံးကိုဆွဲရင်း လေဆိပ်ထွက်ပေါက်ရှိ Taxi stanဆီသို့ လျှောက်လှမ်းလာသော လူငယ်တစ်ဦး။ မြင့်မားသောအရပ်၊ ဖြူဖွေးသောအသားအရည်နှင့် ပြာလဲ့လဲ့မျက်ဝန်းများက အနှီလူငယ်အား အနောက်တိုင်းသားတစ်ဦးဖြစ်ကြောင်း ညွှန်ပြနေသယောင်။ ထို့အပြင် မဟာနဖူးပေါ်အနည်းငယ်ဝေ့ဝဲကျနေသော ဆံနွယ်နက်နက်များ၊ ဖြောင့်ဆင်းနေသောနှာတံ၊ ထင်ရှားလှသောမေးရိုးနှင့် ပြုံးယောင်သမ်းနေသော နှုတ်ခမ်းလွှာတစ်စုံ စသည်တို့ကိုပါပေါင်းစပ်ကြည့်လိုက်ပါက ထိုလူငယ်အား ချောမောသည့် အနောက်တိုင်းသားတစ်ဦးဟုပြောမှသာ ပြည့်စုံပေလိမ့်မည်။ ပြုံးယောင်သမ်းနေသည့်နှုတ်ခမ်းလွှာတစ်စုံရှိသည့်တိုင် သူ၏တည်ကြည်ခန့်ညားသောသွင်ပြင်မှာပျောက်ကွယ်မသွားပေ ထိုမျှမက မမြင်ရသောအရှိန်အဝါတစ်ခုကိုထုတ်လွှတ်ထားသကဲ့သို့လည်းရှိပေသည်။

ထိုလူငယ်သည်သူ၏အနောက်တိုင်းသားတစ်ဦးသွင်ပြင်နှင့်ဆန့်ကျင်စွာ အပြာနုရောင်စတစ်ကော်လာလက်ရှည်၊ နက်ပြာရောင်ပုဆိုးကွက်စိတ်တို့ကို ကတ္တီပါခြေညှပ်ဖိနပ်အနက်ရောင်တို့နှင့် မြန်မာဆန်စွာ တွဲဖက်ဆင်ယင်ထားလေသည်။ ထိုကဲ့သို့‌သော ဝတ်စားဆင်ယင်မှုကပင် လူအများအတွက် စိတ်ဝင်စားစရာတစ်ခုသဖွယ်ဖြစ်နေပေသည်။

"ရွှေတိဂုံဘုရားကိုပို့ပေးပါခင်ဗျ"

ပီသသောမြန်မာစကားသံအားကြားလိုက်ရသဖြင့် သူ့အားမြန်မာစကားမပြောတတ်လောက်ဟုထင်မှတ်ထားပုံရသော ကားဆရာကြီးကခေတ္တမျှကြောင်အ,သွားလေဟန် စက္ကန့်ဝက်မျှကြာမှ ကားလေးဟာ လေဆိပ်ဝန်းအတွင်းမှ စတင်ထွက်ခွာလေတော့သည်။

" ကျွန်တော်မြန်မာစကားကိုကောင်းကောင်းပြောတတ်ပါတယ် ဦးလေးရဲ့" ဟုရယ်မောကာပြောလိုက်ပါမှ ကားဆရာကြီးက

"ငါ့တူကနိုင်ငံခြားသားပုံရုပ်ဖြစ်နေတော့ ဦးလေးက မြန်မာဝတ်စုံဝတ်ထားတဲ့ နိုင်ငံခြားသားတစ်ယောက်လို့ပဲထင်လိုက်တာ"

" တွေ့တဲ့လူတိုင်းကဒီလိုပဲထင်ကြတာပါပဲဗျာ၊ ဒါနဲ့ ဦးလေးဘုရားမှာစောင့်ပေးနိုင်မလားဗျ ကျွန်တော်အိမ်ပြန်ရင် နောက်ကားတစ်စီးထပ်မငှားချင်တော့လို့ ပြီးတော့ အိတ်ကို ဘုရားပေါ်ယူသွားဖို့လည်းအဆင်မပြေတာမို့ပါ၊ ကျွန်တော်စောင့်ဆိုင်းခပေးပါ့မယ်"

My Beloved Tourist Guide (Complete)Opowieści tętniące życiem. Odkryj je teraz