Unicode
ပြင်ဦးလွင်တောင်တက်လမ်းတစ်နေရာရှိ ရှုခင်းတို့ကို cameraတစ်လုံးဖြင့်ရိုက်ကူးရင်းအလုပ်ရှုပ်နေသူအား ဘုန်းမြတ်လင်္ကာငေးကြည့်ရင်း အတွေးနယ်မြေထဲမှ ရုန်းမထွက်နိုင်ဖြစ်နေရသည်။
Polo shirt နက်ပြာရောင်ကို အသားရောင်long pantsဖြင့်တွဲကာဝတ်ဆင်ထားသောFredမှာ တောင်တက်လမ်း၏ညနေဆည်းဆာအောက်တွင် မနာလိုစရာကောင်းအောင် ကြည့်ကောင်းလွန်းပေသည်။
ထိုလူသားသည် ဘုန်းမြတ်လင်္ကာအတွက်တော့ စိတ်လိုလက်ရတိုးဝင်ပစ်ချင်စရာ တစ်သက်တာရုန်းမထွက်ချင်စရာ ပိုက်ကွန်လေးသဖွယ်။
ဘုရားပေါ်တွင်စတင်တွေ့ဆုံစဉ်ကတည်းက ရင်ခုန်မိခဲ့ခြင်းကို လွန်ခဲ့သောရက်များကမှသုံးသပ်သိရှိခဲ့ရသည်။
မျက်ဝန်းပြာပြာတို့ဖြင့် အကြည့်ချင်းစုံမိသည့်အခါတိုင်း စိတ်၏ပြတင်းဖြစ်သော ထိုမျက်ဝန်းပြာတို့ထဲတွင် မေတ္တာရိပ်တို့ကိုမြင်ရလေတိုင်း ရင်တွင်းဝယ်မြင်းရိုင်းတစ်ကောင်ဖြတ်ပြေးနေသည့်နှယ် နှလုံးသား၏တသိမ့်သိမ့်လှိုက်ခုန်ခြင်းကို တိတိပပခံစားရသည်။
ချစ်ရည်ရွှန်းလဲ့သည့်အကြည့်များ၊ မိမိအပေါ်ဂရုတစိုက်ပြုမူပုံများ၊ ထိုသူ၏နှုတ်ဖျားမှ ထွက်ပေါ်လာသည့် အကြင်နာစကားများ ထိုအရာအားလုံး၏မြစ်ဖျားခံရာ အနှီမျက်ဝန်းပြာအမျိုးသားအပေါ် ကိုယ်တိုင်မသိလိုက်ခင်ပင် ပျော်ဝင်နေခဲ့မိလေပြီ။
မိမိကိုယ်မိမိသုံးသပ်မိချက်များအရဆိုပါလျှင် သိကျွမ်းကြသည်မှာ ရက်ပိုင်းမျှသာရှိသေးသော ပြည်ချစ်မောင်ဟုခေါ်တွင်သည့် အနှီကောင်လေးပေါ်တွင် မေတ္တာသက်ဝင်မိနေခြင်းမှာ သေချာသလောက်ပင်။
ထိုသို့ချစ်ကျွမ်းဝင်မိပြီဆိုပါလျှင် မိမိ၏မိခင်နှင့်ညီငယ်တို့သည် လက်ခံပေးနိုင်ပါမည်လော။ ညီငယ်ဖြစ်သူမှာခေတ်လူငယ်မို့ လက်ခံပေးနိုင်လောက်မည်ဟုခန့်မှန်း၍ရသော်လည်း မိခင်ဖြစ်သူ၏သဘောထားက မည်သို့မည်ပုံလာမည်ကိုတော့ ဘုန်းမြတ်လင်္ကာမခန့်မှန်းနိုင်ပေ။
၂၆နှစ်ဟူသောအသက်အရွယ်သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရပ်တည်နိုင်သောအရွယ်ဖြစ်သော်ငြား သည်ကိစ္စတွင်တော့ ဘုန်းမြတ်လင်္ကာအနေဖြင့် မိသားစု၏ဆန္ဒကိုမလွန်ဆန်ချင်ပေ။ မိမိထံ၌ မိသားစုဟူ၍ မိခင်နှင့်ညီငယ်သာရှိတော့သည်မဟုတ်ပါလော။
![](https://img.wattpad.com/cover/338953153-288-k77659.jpg)
ESTÁS LEYENDO
My Beloved Tourist Guide (Complete)
Romanceမောင့်လင်္ကာက သိပ်ကိုတော်တဲ့ ဧည့်လမ်းညွှန်တစ်ယောက်မို့ ဘဝဆိုတဲ့ခရီးရှည်မှာရော လင်္ကာကမောင့်အတွက် ဘဝလမ်းညွှန်လေးဖြစ်ပေးနိုင်မလား *Fredrik Eden (ပြည်ချစ်မောင်)*