Epi - 22

75 2 0
                                    

Unicode

"ဘာပြောတယ်!!!!"

တိတ်ဆိတ်နေသောအခန်းအတွင်း ဒေါသဖြစ်စွာ အော်လိုက်သည့်အသံက လွှမ်းမိုးလို့သွားလေသည်။

အော်လိုက်သူ၏ရှေ့တွင်ရပ်နေကြသူများမှာလည်း တုတ်တုတ်မျှမလှုပ်ရဲကြ‌ချေ။

"မင်းတို့ကို တစ်လအတွင်း ဖမ်းလာခဲ့လို့ငါမပြောထားဘူးလား"

"တောင်းပန်ပါတယ်ဆရာ ဘုန်းမြတ်လင်္ကာရဲ့နောက်မှ လူတစ်စုက အရိပ်လို...ဖြောင်း!!"

စကားပင်ဆုံးအောင်ပြောခွင့်မပေးပဲ အရှိန်ပြင်းပြင်းရိုက်ချလိုက်သည့်ဒဏ်ကြောင့် ကြမ်းပြင်ပေါ်ယိုင်လဲကျသွားရသည်။

"မင်းတို့missionတွေမ‌အောင်မမြင်ဖြစ်နေတာ ဘယ်နှခါရှိနေပြီလဲ တစ်ခါလာလည်း လူတစ်စု တစ်ခါလာလည်း လူတစ်စုနဲ့ အဲ့လူတစ်စုအကြောင်းအခုထိမစုံစမ်းနိုင်ဘူးလား ဟမ်!

ပြည်ချစ်မောင်ရဲ့ မိသားစုကိုပြစ်မှတ်ထားဆိုတော့လည်း အဲ့လူတစ်စုကိုမင်းတို့မကျော်နိုင်ကြဘူး၊ အခု သူ့ချစ်သူကိုစုံစမ်းလို့ရလို့ ဖမ်းခိုင်းပြန်တော့လည်း ဒီလူတစ်စုကို မင်းတို့မနိုင်ပြန်ဘူး မင်းတို့ဘယ်နေရာ ‌ောက်သုံးကျသလဲ"

အခန်းထဲတွင်စီတန်းရပ်နေကြသည့် လူဆယ်ယောက်ကျော်မှာ အကုန်ခေါင်းတို့ကိုငုံ့ချထားပြီး မည်သူမှ စောဒကမတက်ရဲ ပြန်မပြောရဲကြ။

ထိုစဉ်အခန်းထဲသို့ လူတစ်ယောက်အပြေးအလွှားဝင်လာလေသည်။

"ဆရာ ဘုန်းမြတ်လင်္ကာကို စောင့်ရှောက်နေတဲ့အဖွဲ့အကြောင်းစုံစမ်းလို့ရပါပြီ"

"ပြော"

"သူတို့က Eden Familyလက်အောက်က လက်ရွေးစင်သက်တော်စောင့်အဖွဲ့တွေပါ"

"Eden Family.."

တွေးဆဆဖြင့်ရေရွတ်လိုက်သည့် ကျော်ထင်နိုင်ကြောင့် လက်ထောက်ဖြစ်သူက ဆက်ပြောလေသည်။

"နော်ဝေးအခြေစိုက် လုပ်ငန်းစုပါဆရာ"

"ဘယ်လို! မင်းပြောတာ နော်ဝေးတော်ဝင်မိသားစုအထိပေါက်ရောက်တဲ့ Eden group ကိုပြောတာလား"

My Beloved Tourist Guide (Complete)Onde histórias criam vida. Descubra agora