Unicode
ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးဟု တင်စားခေါ်ဝေါ်ကြသော မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားပရဝဏ်အတွင်းတွင်ဖြစ်သည်
ကျောက်စာရုံများကြားရှိ လျှောက်လမ်းတွင် ပဉ္စမသံဃာယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီးလက်ထက်တော်အခါက စကျင်ကျောက်ချပ်များထက်တွင် ကျောက်ထက်အက္ခရာတင်ခဲ့ပုံသမိုင်းကြောင်းတို့ကို စိတ်ရှည်စွာရှင်းပြနေသော အမျိုးသားတစ်ဦးနှင့်အတူ ထိုရှင်းပြချက်များကို စိတ်ဝင်တစားနားထောင်နေသော အမျိုးသားတစ်ဦးရှိနေလေသည်
" ကျွန်တော်အမှတ်မမှားဘူးဆိုရင် ကျောက်စာချပ်စုစုပေါင်းက ၇၃၃ချပ်ရှိတယ် အဲ့ထဲကမှ ၃ချပ်က အလှူတော်စာရင်းတွေကိုရေးထိုးထားတာမို့လို့ စာရင်းထဲမှာထည့်မတွက်ပဲ ကျောက်စာချပ်ပေါင်း၇၃၀ လို့ပဲ ရေတွက်ခဲ့ကြတယ်လို့ဖတ်ဖူးတယ်"
" အင်း ဟုတ်တယ် ၇၃၀ထဲက တစ်ချပ်က ပိဋကတ်တော်သုံးပုံ ပါဠိတော်ကို ကျောက်ထက်အက္ခရာတင်တဲ့အကြောင်း သံပိုင်းနဲ့ မော်ကွန်းနိဂုံးတွေကိုရေးထိုးထားခဲ့တာမို့ တရားတော်တွေချည်းပဲကြည့်မယ်ဆိုရင် ကျောက်စာချပ်က ၇၂၉ချပ်ရှိတယ်"
( သံပိုင်း - အကြောင်းအရာအဖြစ်အပျက်တစ်ခုကို နောင်လာနောင်သားတွေသိစေဖို့ရန်အတွက် မှတ်တမ်းတင်ရေးထိုးခဲ့တဲ့စာကိုဆိုလိုပါတယ်)
" ပိဋကတ်တော်သုံးပုံလုံးကို ပါဠိဘာသာနဲ့ပဲရေးထိုးခဲ့တာ ဝိနည်း၅ကျမ်းအတွက်က ကျောက်စာချပ် ၁၁၁ချပ်၊ အဘိဓမ္မာ၇ကျမ်းက ၂၀၈ချပ်၊ နိကာယ်၅ကျမ်းနဲ့ သုတ်၃ကျမ်းအတွက်က ၄၁၀ အဲ့တော့ Total ၇၂၉ချပ်ဆိုပြီး ရလာတယ်" ဟူ၍ ဘုန်းမြတ်လင်္ကာက ဆက်ပြီးရှင်းပြလာလေသည်
သမိုင်းကြောင်းတို့အား မမောမပန်းသကဲ့သို့ အားကြိုးမာန်တက်ရှင်းပြနေသူအားကြည့်ကာ Fredတစ်ယောက် အသနားပိုလာရတော့သည်
ထို့ကြောင့် ကားတွင်းမှယူခဲ့သောရေဘူးအား ချစ်ရသူလေးထံကမ်းပေးလိုက်လေသည်
" ရေသောက်ပါဦးဗျာ မမောတဲ့အတိုင်းပဲ လင်္ကာ့ကိုကြည့်ရင်းကျွန်တော်တောင်မောလာသလိုပဲ"
KAMU SEDANG MEMBACA
My Beloved Tourist Guide (Complete)
Romansaမောင့်လင်္ကာက သိပ်ကိုတော်တဲ့ ဧည့်လမ်းညွှန်တစ်ယောက်မို့ ဘဝဆိုတဲ့ခရီးရှည်မှာရော လင်္ကာကမောင့်အတွက် ဘဝလမ်းညွှန်လေးဖြစ်ပေးနိုင်မလား *Fredrik Eden (ပြည်ချစ်မောင်)*