ရှန့်ဟန်တစ်ယောက် ဆေးရုံကုတင်ပေါ်မှာ ဖြူဖျော့တဲ့မျက်နှာနဲ့ အားလျော့စွာ လှဲနေရသည်။
Systemရဲ့အသံကတော့ သူ့ခေါင်းထဲမှာ ပေါ်လာနေတုန်း : [မစ္စတာရှန့် ကျွန်တော်ခဏလေးပဲ သွားလိုက်တာ ခင်ဗျားဘယ်လိုတွေ ဖြစ်ကုန်တာလဲ?! အသင့်စားခေါက်ဆွဲမှာ ပြသနာရှိနေတာလား? ကျွန်တော်စစ်ဆေးကြည့်ထားတာတော့ ဒီလောက်စားရုံနဲ့ အစာခြေဖျက်ဖို့ ကြန့်ကြာတာကလွဲ ဆိုးကျိုးကြီးကြီးမားမားတော့ မရှိပါဘူး]
ရှန့်ဟန်ဘေးရပ်နေတဲ့ ဆရာဝန်ကတော့ ရှယ်ဆူပေးနေပြီဖြစ်သည်: "ခင်ဗျားမှာ နာတာရှည်အစာအိမ်အနာရှိတာ မသိဘူးလား? ကိုယ့်ကိုကိုယ်ဂရုမစိုက်တဲ့အပြင် ဗိုက်ဟောင်းလောင်းနဲ့ အရက်သောက်တယ်၊ ခေါက်ဆွဲအစပ်တွေပါ စားလိုက်သေးတယ်၊ ဒီအသက်ကို ဆက်မလိုချင်တော့ဘူးလား? ရောဂါကဆိုးပါတယ်၊ ကင်ဆာဘက်ကိုတောင် ကူးပြောင်းသွားနိုင်တယ်"
ဘေးမှာရပ်နေတဲ့ လုဇယ်ကတော့ မျက်နှာသေနဲ့။
Systemလည်း စိတ်အေးသွားပုံပင် : [ဆိုတော့ ပြဿနာက မူလhostရဲ့ကိုယ်ကပေါ့]
ရှန့်ဟန်တော့ ကြေကွဲရလေပြီ : [မူလhostရဲ့ အခြေအနေကို မင်းတို့ မစစ်ဆေးကြည့်ခဲ့ဘူးလား]
တကယ်ကို မူလhostက အမြောက်အစာလေးပါလား။ ဗိုက်အောင့်တာလေးလောက်တော့ ဇာတ်ညွှန်းထဲထည့်ရေးစရာ လိုမနေဘူးဆိုပြီး ချန်ထားခံရပုံပဲ။
ဒီsystem ရှက်မိပါတယ် : [တောင်းပန်ပါတယ် မစ္စတာရှန့်.. ကျွန်တော်တို့ အဲ့ဒါကိုထည့်မတွက်မိဘူး။ ဒီကိစ္စကို ဗိုလ်ချုပ်ဆီခွင့်ပြုချက်
တောင်းလိုက်ပါ့မယ်.. အာ! မစ္စတာဒင်းန်ကို ပြောတာပါ][သွား. သွား..] ရှန့်ဟန်လည်း နေရတာမသက်သာတာနဲ့ systemပြောသွားတာတွေကိုလည်း အာရုံရှိမနေ။
တစ်ဖက်မှာတော့ ဆရာဝန်ပြောသွားတာတွေကြောင့် လုဇယ်တစ်ယောက် သူ့ကိုစိုက်ကြည့်နေပြီ။ ရှန့်ဟန် အပြစ်ရှိသလိုခံစားရတာမို့ ဆရာဝန်ပြန်ထွက်သွားတာနဲ့ တန်းပြီးအိပ်ချင်ယောင်ဆောင်တော့သည်။
လုဇယ်အမြင်မှာ ဒီဆေးရုံကုတင်ပေါ်လှဲနေတဲ့ ပိန်သေးဖြူဖျော့ပြီး မေးချွန်ချွန်လေးထိ စောင်ဆွဲခြုံထားတဲ့ကောင်လေးဟာ အတော်ပင်ပန်းနွမ်းလျနေပုံရသည်။ ရှုပ်ထွေးတဲ့အကြည့်တွေနဲ့သူ အိပ်ယာနားတိုးကပ်သွားလိုက်သည်။
YOU ARE READING
Fantasy၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိုင်ပြီး လက်တွဲဖော်ပါ ထောက်ပံ့ပေးဦးမယ်ဆိုသည်။ ကနဦးမှာ သူတွေးခဲ့တာက အမှိုက်ကောင်ရဲ့ကိုယ်ထဲ ဝင်နေပြီး က...