38.2

949 180 4
                                    

၂နှစ်ကြာပြီးနောက်၊ ကျောက်ဇယ်သည် အနောက်တောင်ပိုင်းကို တည်ငြိမ်စေနိုင်ခဲ့ပြီး အောင်မြင်မှူတွေနဲ့ ပြန်လာခဲ့သည်။ ရှန့်ဟန်လည်း မြို့အဝင်ဂိတ်ကနေ ထွက်ကြိုလို့စောင့်နေသည်။

​တောက်ပြောင်တဲ့ချပ်ဝတ်ကိုဆင်ယင်လို့၊ မြင်းကိုအသော့နှင်ကာ ကျောက်ဇယ် မြို့ဝင်ဂိတ်ဆီချဥ်းကပ်လာခဲ့သည်။ ၂နှစ်တာအချိန်ကြာပြီးနောက်မှာ သူ့မျက်နှာအမူအယာ အရင်ကထက်ပိုပျော့​ပျောင်းလာသည်၊ အတော်လေးအသားညိုသွားပေမဲ့ ကြည့်ကောင်းမြဲ။

မြို့ဝင်ဂိတ်ကိုဖြတ်ဝင်ရင်း ချက်ချင်းအပေါ်ကိုမော့ကြည့်တော့ အရွယ်ရောက်လာပြီဖြစ်တဲ့ ရင်းနှီးနေတဲ့ပုံရိပ်လေးဆီ အကြည့်တို့တန်းရောက်သွားသည်။ မျက်နှာထက်အပြုံးတစ်ပွင့်ဖြစ်တည်လာပေမဲ့၊ အကြည့်တွေမှာ ရှုပ်ထွေးနေခဲ့သည်။

မြို့တံတိုင်းထက် ယုံကြည်မှူအပြည့်နဲ့ရပ်နေတဲ့ ရှန့်ဟန်က ပြန်ငုံ့ကြည့်သည်။ အကြည့်တို့အပြန်အလှန်တွေ့ဆုံကြခိုက်မှာ သူ့နှလုံးသားဟာ မူမမှန်စွာခုန်လှုပ်လာခဲ့သည်။

ရှန့်ဟန် တွေဝေငေးမောသွားရသည်၊ သို့ပေမဲ့ အတွေးတို့ကို ပြန်သတိချပ်ရမည်၊ သူသည် တာဝန်ယူနိုင်စွမ်းရှိသော အုပ်ချုပ်သူကောင်းတယောက်ရဲ့လမ်းကို လျှောက်နေတာပင်။ မိမိငယ်သားက အောင်မြင်မှူတွေပိုက်လို့ ပြန်လာတာကိုမြင်ရရင် စိတ်လှုပ်ရှားမိတာ ပုံမှန်ပဲမဟုတ်ပါလား။

တံတိုင်းပေါ်ကဆင်းလာတော့ ကျောက်ဇယ်က သူ့ကို ဒူးထောက်ခစားသည်။ ပြီးနောက် ဘုရင့်ရထားလုံးပေါ် အတူစီးနင်းစေပြီး နန်းတော်ဆီ ပြန်ခဲ့ကြသည်။

ဒီမြင်ကွင်းကိုမျက်မြင်ကြုံရတဲ့ အမတ်တွေအတွက်တော့ အံ့အားသင့်နေကြရုံသာ တတ်နိုင်လေသည်။

အမတ်မင်းကျောက်မှာ အနောက်တောင်ဒေသကို တည်ငြိမ်စေပြီး ဂုဏ်ဆောင်နိုင်ခဲ့ကာ စစ်တပ်အာဏာကိုလည်း ကိုင်ဆောင်ထားနိုင်ပြီဖြစ်သည်။ ရှင်ဘုရင်အနေနဲ့ သံသယမုန်းပွား အမျက်ရှလာနိုင်သည့်အရေးကို မြင်သည်မို့ ဝန်ကြီးကျောက်သည်လည်း လွန်ခဲ့သည့်လဝက်ကပင် အာဏာအကုန်စွန့်လွှတ်၍ အငြိမ်းစားယူကာ အိမ်မှာပဲနေနေပြီဖြစ်သည်။

ပစ်မှတ်က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ် / ပစ္မွတ္က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ်Where stories live. Discover now