5

2.3K 322 2
                                    

ရှန့်ဟန်ဆီက လမ်းခွဲစကားကိုထပ်ကြားလိုက်ရတော့ လုဇယ်ဒေါသကပြန်တက်လာသည်။ လက်ထဲကစောင်ကိုကျစ်ကျစ်ဆုပ်လို့ မျက်နှာငယ်လေးနဲ့ ဖြစ်နေတာကိုမြင်တော့လည်း သူ့ဒေါသတွေက ပြေသွားပြန်သည်။

ဒီလောက်တုန်လှုပ်နေပြီး သူ့အတွက်တွေးပေး စိတ်ပူပေးနေတာ ရှန့်ဟန် သူနဲ့လမ်းမခွဲချင်တာ အသိသာကြီးမဟုတ်လား။ သူ့ကို 'လု'မိသားစုဆီ ပြန်သွားရစေချင်တာနဲ့ ဒီလိုစကားမျိုးကို အားတင်းပြောနေတာမဟုတ်လား။

လုဇယ် ဒီငတုံးလေးကို ဘယ်လိုလုပ်မချစ်ဘဲနေနိုင်မှာလဲ။ သူ့မျက်နှာထားက ပြေလျော့သွားပြီး ရှန့်ဟန်ဆံစတွေကို အသာပွတ်သပ်ပေးရင်း ညင်သာစွာပြောဖြစ်သည်၊ "နောက်ဆို လမ်းခွဲစကားမပြောနဲ့တော့.. ကိုယ်အားလုံးနားလည်ပြီးပြီ.."

နား-လည်တယ်?? ဘာလွဲပြန်ပြီလဲ? ပစ်မှတ်မျက်နှာထားက တကယ်ကြောက်ဖို့ကောင်းတယ် T.T

ရှန့်ဟန်ကိုကြည့်ရတာ အဆင်ပြေသေးပုံမရတာမို့ လုဇယ် ဆက်နှစ်သိမ့်ပေးလိုက်သည်၊ "ကိုယ်တကယ် 'လု'မိသားစုဆီ မပြန်ချင်ဘူး၊ မင်းကြောင့်မဟုတ်တာမို့ ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့၊ မဟုတ်တာတွေ လျှောက်မတွေးနဲ့တော့"

သူ့ကိုယ်သူအပြစ်တင်မနေပါဘူး၊ ဒီပစ်မှတ် ဘာတွေတွေးနေတာလဲ။

လုဇယ်အတွေးတွေကို ရှန့်ဟန် တကယ်လိုက်မမီ၊ သူသေချာလေး ရှင်းပြကြည့်သည်၊ "လုဇယ်.. မင်းတစ်ခုခုကို အထင်လွဲနေပြီထင်တယ်.. ငါ့ကိုယ်ငါအပြစ်မတင်ပါဘူး ပြီးတော့ လမ်းခွဲတယ်ဆိုတာကလည်း..." မင်းပဲပြောတာလေ။

သူပြောမပြီးခင် လုဇယ်ကြားဖြတ်ပြောတာခံလိုက်ရသည်၊ "ဒါဆို ကိုယ့်ကိုပြော၊ ဘာလို့ ကျောက်ဟန့်သုန်းကို ရိုက်ခဲ့တာလဲ? ကိုယ့်ကိုမနှောက်ယှက်ဖို့ပါ သတိပေးခဲ့သေးတာမလား?"

သေချာတာပေါ့၊ အဟန့်အတားတွေကို ရှင်းတာလေ၊ ဒါမှ မင်းနဲ့ဇာတ်လိုက်နဲ့ညားနိုင်ပြီး ငါလည်း တာဝန်ပြီးမြောက်မှ ပိုက်ဆံရမှာကိုး၊ အသိသာကြီး။ ဒါပေမဲ့.. ဒါကို သူထုတ်ပြောလို့ရမနေလေ။

ရှန့်ဟန် သူလုပ်ခဲ့တာတွေကို ဘယ်လိုအကြောင်းပြချက်ပေးရမှန်းမသိဘဲ ကြောင်အနေပြီဖြစ်သည်။  လုဇယ်က ဆက်မေးနေတုန်း၊ "ဘာလို့ဒီမြို့ကနေ ထွက်သွားဖို့လုပ်ခဲ့တာလဲ? ကျောက်ဟန့်သုန်းကို ပြဿနာရှာမိလို့ ပြန်တုန့်ပြန်ခံရမှာကြောက်လို့မလား?"

ပစ်မှတ်က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ် / ပစ္မွတ္က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ်Onde histórias criam vida. Descubra agora