31.1

1.6K 259 2
                                    

Warning: Some dub-con, feel free to skip
_____

ကျိုးယွဲ့ချင်ကိုအာရုံထားမနေတော့ဘဲ ရှန့်ဟန်ကိုပွေ့လို့ ကျိုးယွဲ့ဇယ် အမြန်ပြန်သွားသည်။ အခြေအနေကိုမသိရှာတဲ့ ရှန့်ဟန်ရဲ့ဒရိုင်ဘာကတော့ အပြင်မှာ အတော်ညဥ့်နက်သည်အထိ စောင့်နေသေးသည်။

ဗီလာကိုပြန်ရောက်တော့ ရှန့်ဟန်မှာ ဆေးရှိန်နဲ့အသိစိတ်မရှိနိုင်တော့ဘဲ အတော်စိတ်အားထက်သန်နေပြီဖြစ်သည်၊ ပွေ့ဖက်ထားပေးတဲ့ ကျိုးယွဲ့ဇယ်လက်ထဲမှာ လူးလူးလွန့်လွန့် ညည်းညူလို့။

ကျိုးယွဲ့ဇယ် စိတ်လှုပ်ရှားနေပြီး သူ့လက်တွေတုန်ယင်နေသည်။ ဒါပထမဆုံးအနေနဲ့ ချစ်နှစ်သက်ရသူကို ကိုယ့်ရင်ခွင်ထဲ ပွေ့ပိုက်ထားနိုင်ခြင်းမဟုတ်လား၊ ပြီးတော့ ဒီလိုအခြေအနေမျိုး၊ လွင့်မျောနေသလိုခံစားရပြီး ကိုယ်တိုင်ပါမူးနောက်နောက်ဖြစ်လာချင်သလိုလို။

အိမ်ထိန်းကြီးက သူတို့ကိုမြင်တော့ ထိတ်ပြာသွားသည်။ "ဘာ-ဘာဖြစ်လာတာလဲ? သခင်ကျန်း.."

ဒီတော့မှ ကျိုးယွဲ့ဇယ် ပြန်အသိကပ်နိုင်ပြီး လက်ထဲကလူကို ပိုတင်းကြပ်စွာပွေ့ပိုက်ရင်း မနည်းပြန်ဖြေရသည်။ "ကြည့်ရတာ.. ဆေးခတ်ခံရတာနဲ့တူတယ်"

တူတယ်? ဒီပုံစံမြင်နေတာတောင် တူတယ် ပြောနေသေးတာလား? မစ္စတာကျန်းရဲ့မျက်နှာက ပေါက်ထွက်မလို နီရဲနေတာကိုလေ..!

ရုတ်တရက် အိမ်ထိန်းကြီး ဘာလုပ်ရမှန်းမသိ။ ရှန့်ဟန်ကို လှေကားကနေပွေ့ခေါ်တက်သွားတဲ့ ကျိုးယွဲ့ဇယ်ကိုကြည့်ရင်း ဒွိဟဖြစ်နေသည်။ ဒေါက်တာကျုံးကို ခေါ်လိုက်ရမလား? ခေါ်လိုက်ပေမဲ့ သခင်လေးက ဆေးပြဿနာကို ကူဖြေရှင်းပေးလိုက်ပြီးပြီဆို ဘယ်လိုလုပ်မလဲ? မခေါ်ပြန်ရင်လည်း မစ္စတာကျန်းနိုးလာရင် အမျက်သင့်ခံရမယ်မလား?

အိမ်ထိန်းကြီးရဲ့မျက်နှာမှာ ကြက်ဟင်းခါးသီးလိုရှုံ့တွဖုထစ်နေပြီ။ အတန်ကြာတွန့်ဆုတ်နေပြီးမှ ဖုန်းတစ်ချက်ခေါ်လိုက်သည်။ ဘယ်လိုကောင်က အတင့်ရဲပြီး သခင်ကျန်းကို ဘယ်လိုဆေးမျိုးခတ်လိုက်လဲမှ မသိနိုင်တာ၊ တော်နေ ဆေးကဆိုးကျိုးရှိနေရင်ဘယ်လိုလုပ်မလဲ။ ဘာပဲဖြစ်ဖြစ် ဒေါက်တာကျုံးနဲ့တော့ အစစ်ဆေးခံဦးမှ ဖြစ်မယ် မဟုတ်လား။

ပစ်မှတ်က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ် / ပစ္မွတ္က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ်Where stories live. Discover now