ဆေးရုံကထွက်လာတော့ ဘော်ဒီဂတ်တွေက ရှေ့ကနေအပြေးလေးကြိုသွားပြီး ရှန့်ဟန်အတွက် ကားတံခါးဖွင့်ပေးကြသည်။ ထိုမြင်ကွင်းမှာ မြင်သူတကာအဖို့ အနည်းနဲ့အများတော့ စပ်စုချင်စိတ် ဖြစ်စေကာ တစ်ချက်လောက်တော့ လှမ်းကြည့်မိကြလေသည်။
ရှန့်ဟန်ကတော့ အကြေနပ်ကြီးကြေနပ်ပြီး ကားထဲငုံ့ဝင်လိုက်မယ်အပြုမှာပဲ သားရတနာလေး ရှန့်ရှောင်ဇယ်မှာ ဝင်ထိုင်နေနှင့်ပြီးဖြစ်တာ မြင်လိုက်ရသည်။ ပြီးတော့ အနောက်ခုံမှာ ထိုင်နေတယ်ပေါ့,,! သူ့ရဲ့ အထူးခုံမှာလေ!!!
သည်းခံပေးလို့မဖြစ်တော့ဘူးပဲ.. အခုကတည်းက အဖေ့နေရာကိုလုနေပြီပေါ့.. မသိတတ်တဲ့ဟာလေး..
ပြီးတော့ ထိုကောင်လေးမှာ အစောကပဲ သူများဆီက ဝိုင်းတွန်းထိုးခံရပြီး မြေကြီးပေါ်လဲကျထားတာကို သတိရလိုက်သည်။ ဒါဆို သူ့ကိုယ်မှာ ဖုန်တွေကပ်နေမှာပေါ့..! ညစ်ပတ်နေမှာပဲ.. ရှန့်ဟန် ကားထဲဝင်ဖို့ တွန့်သွားရသည်။ အဲ့လိုဆိုပေမဲ့လည်း ရှေ့ခုံကကျ ဒရိုင်ဘာနဲ့ ကပ်လွန်းတာမို့ မထိုင်ချင်ပြန်..
အခေါက်ခေါက်စဥ်းစားပြီးချိန်မှာတော့ အနောက်မှာပဲသည်းခံထိုင်ဖို့ ဆုံးဖြတ်လိုက်ရသည်။ ဒီလိုဖြစ်အောင် တွန်းပစ်ခဲ့တဲ့သူကိုတော့ ပညာပေးရဦးမှာပေါ့..။ လောလောဆယ် ဆေးရုံမှာလှဲပြနေတဲ့တစ်ယောက်ကိုတော့ နေပါစေဦး၊ ခဏလွှတ်ထားပေးမယ်။ ဒါပေမဲ့ ကျန်တဲ့တစ်ယောက်ကိုတော့ ရှန့်ရှောင်ဇယ်ရှေ့ ဒူးထောက်ရလောက်အောင် ပညာပေးရမှာပေါ့။
ဒါကြောင့်ပဲ သူ ဘော်ဒီဂတ်ကို လှည့်ပြောလိုက်သည်၊ "ချန်ကျွင်းယွီကို နည်းနည်းလောက် သင်ခန်းစာပေးလိုက်ကြ.."
ဘော်ဒီဂတ်ကလည်း နားလည်စွာ အမြန်အရိုအသေပေးပြီး တာဝန်ထမ်းဆောင်ဖို့ ချက်ချင်းလှည့်ထွက်သွားတော့သည်။
ကျိုးယွဲ့ဇယ် အစတုန်းက ရှန့်ဟန်ဘာလို့ကားထဲမဝင်ချင်သေးပုံနဲ့ ယောင်ပေပေလုပ်နေလဲဆိုတာ နားမလည်နိုင်ဖြစ်နေခဲ့ပေမဲ့၊ အခု နားလည်သွားပြီဖြစ်သည်။
တကယ်ဆို ချန်ကျွင်းယွီကို ပညာပေးချင်ရင် ဆေးရုံထဲမှာကတည်းက လုပ်ခိုင်းခဲ့လို့ရသည်။ ဒါပေမဲ့ ကားတံခါးဖွင့်ပြီးကာမှ တမင်အမိန့်ပေးပြတယ်တဲ့လား? ဒါ တမင် သူ့ကို ကြားစေချင်လို့ သိစေချင်လို့ပဲ မဟုတ်ဘူးလား?
YOU ARE READING
Fantasy၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိုင်ပြီး လက်တွဲဖော်ပါ ထောက်ပံ့ပေးဦးမယ်ဆိုသည်။ ကနဦးမှာ သူတွေးခဲ့တာက အမှိုက်ကောင်ရဲ့ကိုယ်ထဲ ဝင်နေပြီး က...