27.1

1.7K 278 5
                                    

နောက်တစ်ရက်မှာပဲ ချက်ချင်း အစီအစဥ်ကိုစသည်။ ရှန့်ဟန်က သူ့လူတွေကိုလွှတ်လိုက်ပြီး ကျိဝေကို လက်ဖက်ရည်သောက်ဖိတ်လိုက်သည်။

သခင်-၅က သူမကို သီးသန့်ဖိတ်လာသည်ဆိုတော့၊ ကျိဝေအရမ်းကြောက်လည်းကြောက်သလို၊ ဖိတ်ကြားလာတာကို ငြင်းလည်းမငြင်းရဲ။ ကျိုးချိန်ရှိနဲ့တိုင်ပင်ပြီး ကြောက်ကြောက်နဲ့ပဲ လာရတော့သည်။

လက်ဖက်ရည်ဧည့်ခန်းဆောင်ကို ဝင်လိုက်ပြီးတာနဲ့ သူမ သတိထားပြီး မေးလိုက်သည်၊ "မ မစ္စတာကျန်း၊ ဘာအတွက်များ ကျွန်မကို ဖိတ်လဲဆိုတာ..?"

ရှန့်ဟန် ပြန်မဖြေ၊ လက်တစ်ဖက်သာ မြှောက်ကာညွှန်ပြပြီး ပြောသည်၊ "လက်ဖက်ရည်သောက်ပါဦး"

ဘယ်လိုလုပ် ကျိဝေ မသောက်ဘဲနေရဲမှာလဲ? သခင်-၅က လူသတ်ရာမှာ သွေးမရှိဘူးလို့ ပြောကြတယ်မလား၊ သူ့အဖေအရင်းကိုတောင် သတ်ခဲ့တာတဲ့။ ဒါကြောင့် သူမ လက်တွေတုန်နေရင်းက  လက်ဖက်ရည်ခွက်ကို ရအောင်​ကောက်ယူလိုက်သည်။

လက်ဖက်ရည်သောက်ပြီးပြန်လာမှ သူမရဲ့ပူပင်ကြောင့်ကြမှုတွေ တဖြည်းဖြည်းငြိမ်ကျသွားနိုင်တော့သည်။ "နောက်ဆို ကျိုးယွဲ့ဇယ်ကို အခက်တွေ့အောင် မလုပ်နဲ့"လို့ ပြောလိုက်တာကိုပဲ သူမမှတ်မိသည်။

နေရာကထွက်လာတော့ သူမစိတ်ထဲရှုပ်ထွေးနေတုန်း။ သခင်-၅က သူမကို ဒီလိုသီးသန့်ခေါ်ပြီး သတိပေးဖို့ လိုလို့လား?

ကြာကြာအတွေးများချိန်မရလိုက်၊ သူမအတွက် ရှော့ခ်ရစရာသတင်းဆိုးက ရောက်ချလာသည်။ ကျိုးယွဲ့ချင်ရဲ့  ရောဂါမှာ ပိုဆိုးလာပြီး သေခါနီးနေပြီဟု။

ကားပေါ်ကဆင်းတာနဲ့ ဆေးရုံထဲကို ဒုန်းစိုင်းဝင်သွားတော့သည်။ တွေ့ရာဆရာဝန်ကိုဆွဲတားပြီး၊ "ကျိုးယွဲ့ချင်ရဲ့အခန်း ဘယ်မှာလဲ?"

ဆရာဝန်က မျက်နှာထားတည်တည်နဲ့ပဲ ပြန်မေးသည်၊ "သူနဲ့ ဘယ်လိုပက်သက်တာပါလဲ? ကျိုးယွဲ့ချင်ရဲ့ အခြေအနေက မရေမရာပါပဲ။ တကယ်လို့ သင့်တော်တဲ့အလှူရှင် မရနိုင်သေးဘူးဆိုရင်..."

ကျိဝေ မတုန့်မဆိုင်းဘဲ၊ "ကျွန်မနှလုံးကိုပေးမယ်၊ ကျွန်မဆီက ယူပါ။ ကျွန်မက သူ့အမေအရင်းပါ။ သေချာပေါက် ကိုက်မှာပါ၊ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။ တောင်းပန်ပါတယ်.. ကျေးဇူးပြုပြီး ကျွန်မသားကို ကယ်ပေးကြပါ..."

ပစ်မှတ်က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ် / ပစ္မွတ္က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ်Where stories live. Discover now