သူဘာမေးလိုက်မေးလိုက် Systemနဲ့ သာ့Aတို့ ရှောင်Bတို့ဆီက အဖြေဟာ ဖြေသိမ့်ပေးတာလား အရူးလုပ်တာလားမသဲကွဲမို့ ထူးပြီးအားကိုးလို့မရ။ ရှန့်ဟန် သူ့ရုံးခန်းထဲကိုလျှောက်ဝင်လာရင်း ပစ်မှတ်ကို ဘယ်လိုကယ်မရလဲဆိုတာ စဥ်းစားနေမိသည်။
ပြောရရင် ဒီတစ်ခေါက်တာဝန်က ရိုးစင်းလွယ်ကူသည့်ပုံပင်၊ လက်စားချေမယ့်ပစ်မှတ်ကို ကူညီပေးပြီး အောင်မြင်တဲ့စီးပွားရေးသမားဖြစ်လာအောင် အထောက်အပံ့ပြုပေးရုံပဲမဟုတ်လား။ တစ်နည်းအားဖြင့် ကူးပြောင်းလာသူက ဖန်တီးမယ့် အပြုအမူတွေရဲ့ အကျိုးဆက်အသေးအဖွဲကအစ ပစ်မှတ်အပေါ် သက်ရောက်မှုမရှိလေအောင် ရှောင်နိုင်၊ကာနိုင်ဖို့ပင်။
ရှန့်ဟန်အမြင်မှာတော့ သူ ကျန်းမိသားစုရဲ့အရှိန်အဝါကိုသုံးပြီး ကျိုးမိသားစုကို အမှုန့်ချေကာ၊ ကျန်းမိသားစုတစ်ခုလုံးကိုပါ လက်ဆောင်ဆိုပြီး ပစ်မှတ်လက်ထဲထိုးထည့်ပေးလိုက်တာက ပိုလွယ်ကူနေပေသည်။ မြန်မြန်ဆန်ဆန်၊ လှလှပပနဲ့ ဘယ်လောက်ရိုးရှင်းလိုက်လဲ?
သာ့A နဲ့ ရှောင်B : [......] ဒီလိုလုပ်လို့ရနေမှတော့ ငါတို့မင်းကို ဘယ်လိုမလဲ? လွယ်လွယ်ပဲ ကြုံရာလူကို ခိုင်းတော့မပေါ့.. မင်းသာ သူနဲ့ မချိတ်ဆက်နိုင်ဘူးဆို သူ့ရဲ့ပဲ့တင်ထပ်ကြိမ်နှုန်းကို ဘယ်လိုဖမ်းပြီး သူ့ကို ဘယ်လိုပြန်ခေါ်လို့ ရပါတော့မလဲ? ရှန့်ဟန်ရဲ့စိတ်ကူးတစ်ပေါက်မှာ သူတို့တံတွေးသီးကုန်ရသည်။
Systemသည်လည်း အတော်သနားစရာကောင်းသည်၊ ဖြစ်ကြောင်းမှန် အခြေအနေအကုန်လုံးကို သိမနေသည့်အပြင်၊ သူ့ခမျာ ဘာခိုင်းလိုက်ခိုင်းလိုက် အကောင်းဆုံးလိုက်စွမ်းဆောင်ပေးရှာသည်။ [မစ္စတာရှန့်၊ လုပ်ရမှာက ပစ်မှတ်ရဲ့လက်စားချေခြင်းမှာ ကူညီပေးရမှာပါ၊ ပစ်မှတ်ကိုယ်စား လက်စားချေပေးရမှာမျိုး မဟုတ်ဘူးရယ်။ ပြီးတော့ ပစ်မှတ်က အခုမှ ကျောင်းသားပဲရှိသေးတာဆိုတော့ ခင်ဗျားသူ့ကို ကျန်းမိသားစုရဲ့စီးပွားတွေ ပုံပေးလိုက်တောင် သူစီမံတတ်ဦးမှာမဟုတ်ဘူး။]
ရှန့်ဟန် : [ဆိုတော့.. ငါကသူ့ကို ကြီးပြင်းလာတဲ့ထိ ကျွေးမွေးစောင့်ရှောက်ရမယ့်အပြင် လက်စားချေနိုင်အောင် စီးပွားရေးလုပ်တတ်ဖို့ပါ သင်ပေးရမှာပေါ့..]
YOU ARE READING
Fantasy၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိုင်ပြီး လက်တွဲဖော်ပါ ထောက်ပံ့ပေးဦးမယ်ဆိုသည်။ ကနဦးမှာ သူတွေးခဲ့တာက အမှိုက်ကောင်ရဲ့ကိုယ်ထဲ ဝင်နေပြီး က...