စားသောက်ပွဲနေရာက အသက်ဝင်နေဆဲ၊ ရှန့်ဟန်သည်လည်း တပြုံးပြုံးနဲ့ လော့ပိုင်ကို ပြီးခဲ့တဲ့နှစ်တွေအကြောင်း မေးမြန်းလို့နေသည်။ တကယ်တမ်းမှာတော့၊ သူသိချင်တာက လိုချင်နေတဲ့ သီးနှံမျိုးစိတ်တွေ ရှာလို့ရခဲ့မရခဲ့ကိုပင်။
ဒီနှစ်တွေထဲ လော့ပိုင်တယောက် သတ္တိရှိလာသည် ဆိုရမည်။ အမတ်တွေအများကြီးရှေ့မှာ တည်ငြိမ်အေးဆေးနေနိုင်ပြီ။ သူတွေ့ကြုံခဲ့ရတာတွေကို ပြန်ဝေမျှရင်း ပိုနှုတ်သွက်လာသလို၊ သူပြောပြတဲ့ အမျိုးမျိုးသော အန္တရာယ်အတွေ့အကြုံတွေအကြောင်းက အမတ်မင်းတစုကိုတအံ့တသြဖြစ်စေသည်။
ရှန့်ဟန်ကတော့ ပင်လယ်ပြင်အတွေ့အကြုံရှိဖူးသူမို့ ထိုအမတ်တအုပ်လို အလွယ်တကူ အံ့သြတုန်လှူပ်မနေ၊ သို့ပေမဲ့ အပြုံးလေးဆင်လို့ အစွမ်းကုန် အာရုံစိုက်ပြီး နားထောင်ပြနေသည်။
တယောက်ထဲ ထိုင်သောက်နေတဲ့ ကျောက်ဇယ်ကတော့ အာရုံတွေ ထွေပြားနေပြီး စိတ်ခံစားချက်တွေ မတည်ငြိမ်တော့။ ဘေးဖယ်ထုတ်ခံထားရသူလိုမျိုး လူအုပ်ကြီးအဝေးမှာ ထိုင်လို့။ လော့ပိုင်ကိုပဲ ပြုံးကြည့်နေတဲ့ ဘုရင်လေးဆီ ခဏတိုင်းလှမ်းကြည့်နေမိရင်းက သူ့နှလုံးအိမ်မှာ ရှင်းပြမရတဲ့ နာကျင်မှူတခုဖြစ်ပေါ်လာသည်။ သူပြန်လာတုန်းကတော့ ဘုရင်ငယ်လေးက သူ့အတွေ့အကြုံတွေသိရဖို့ကို ဒီလိုမျိုး စိတ်ဝင်တစားနဲ့ တက်ကြွမနေခဲ့ပါပဲ။
စားသောက်ပွဲသိမ်းပြီးတော့လည်း ဘုရင်လေးက ခရီးစဥ်အတွေ့အကြုံတွေအကြောင်း ညလုံးပေါက် ပြောဆိုဆွေးနွေးချင်ပါသေးတယ်ရယ်လို့၊ လော့ပိုင်ကို ချန်နေရစ်စေပြန်သည်။
ဒါကိုကြားလိုက်ရတော့ ကျောက်ဇယ်ရင်ထဲ တင်းကြပ်လို့သွားသည်။ သူ အိမ်ကိုပြန်လာပေမဲ့လည်း တုန်ရီနေတဲ့နှလုံးအိမ်က မပြေအေးနိုင်။ ဒီလိုနဲ့၊ ပိုများတဲ့သေရည်တွေသာ ဆက်သောက်နေမိပြီး၊ ကွဲထွက်မတတ်နာကျင်နေတဲ့ခေါင်းကိုသယ်လို့၊ မနက်ခင်းညီလာခံကို တက်ရောက်လာရသည်။
အခြားသောအမတ်တွေနဲ့အတူ စောင့်ဆိုင်းနေရင်း၊ မျှော်လင့်မထားတဲ့ အမိန့်ကြေညာချက်တခု ရောက်လာသည်။ အင်ပါယာရှင်ငယ်က ကိုယ်လက်မအီသာတာမို့ မနက်ခင်းညီလာခံကို ဖျက်သိမ်းပါသတဲ့။
YOU ARE READING
Fantasy၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိုင်ပြီး လက်တွဲဖော်ပါ ထောက်ပံ့ပေးဦးမယ်ဆိုသည်။ ကနဦးမှာ သူတွေးခဲ့တာက အမှိုက်ကောင်ရဲ့ကိုယ်ထဲ ဝင်နေပြီး က...