ရက်အနည်းငယ်ကြာပြီးနောက်၊ ဝမ်ကျွင်းရဲ့ အမှူရလဒ်ထွက်လာသည်။
လျှောက်တင်လွှာကိုဖတ်ပြီး ရှန့်ဟန် မျက်မှောင်ကြုတ်သွားသည်။ တကယ်ကိုပဲ နောက်ကွယ်မှညွှန်ကြားကြိုးကိုင်သူရှိနေသည်၊ ဝမ်ကျွင်းအနေနဲ့ ဘုရင်ကိုပဲ သံသယဝင်မကောင်းမြင်အောင် လမ်းကြောင်းခံနေရသည်။ သို့ပေမဲ့၊ ဝမ်ကျွင်းကိုယ်တိုင်ကလည်း ထိုသူရဲ့သရုပ်မှန်ကို သေချာမသိ။
သေချာပေါက် မင်းသားလျန်ရဲ့လူတွေထဲကပဲဖြစ်မှာကို ရှန့်ဟန် သိပေမဲ့၊ လက်ဆုပ်လက်ကိုင် သက်သေကမရှိ၊ အရေးယူနိုင်ဖို့ရာ ခက်လှသည်။ ပြီးတော့ အနောက်မြောက်တပ်မဟာမှာလည်း သူ့လူတွေရှိထားသည်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ထိုအချိန်မှာ ဝမ်ကျွင်းအတွက် အသနားခံလျှောက်တင်ဖို့ရာ ကျောက်ဇယ်ရောက်လာသည်၊ ဘုရင်လေးရဲ့ ပြောစကားကိုကြားတော့ သူအံ့သြသွားရသည်။ ဘုရင်ငယ်လေးက ညီလာခံအရေးတင်မက တပ်တွင်းအရေးတွေအထိပါ သူထင်ထားထာထက်ပို ဗဟုသုတရှိနေတာကို သိလိုက်ရသည်။
အတွေးတွေပြန်သိမ်းရင်း လျှောက်တင်သည်။ "မှူးမတ်ဟောင်းကြီးဟာ အသက်၄၀ကျော်ပါပြီ၊ သာ့ကျီတိုင်းပြည်အတွက်လည်း စစ်ပွဲအလီလီနွှဲပေးခဲ့သူပါ။ ဝမ်ကျွင်းသည်လည်း အသက်၁၄နှစ်အရွယ်ကတည်းက ဖခင်နောက်လိုက်အမှူထမ်းခဲ့ပါတယ်။ အတိတ်မှာ အမှားကျူးလွန်မိပြီး အရှင့်ကိုအာခံမိခဲ့ပေမဲ့ အဖိုးတန်စစ်သားကောင်းပါပဲ။ သူသည်လည်း သဘောထားမဖြောင့်တဲ့သူအချို့ရဲ့ လှည့်ဖျားသွေးဆောင်ခြင်း ခံခဲ့ရတာဖြစ်ပြီး၊ အပြစ်ကိုသိကာ ဆင်ခြင်နေပြီမို့.."
"ရပြီ" ရှန့်ဟန် အမြန်လက်ကာပြီး ကြားဖြတ်ကာ တားလိုက်ရသည်။ "ဘာပြောချင်လဲ ကိုယ်တော်နားလည်တယ်။ သို့ပေမဲ့၊ လူမြင်ကွင်းမှာ ကိုယ်တော့်ကို ဓားရွယ်ခဲ့တဲ့အချက်ကိုတော့ ငြင်းဆိုလို့ မရချေဘူး။ ငါအရှင် ခွင့်လွှတ်ရင်တောင်၊ တရားရေးကတော့ သူ့ကိုအလွတ်ပေးမှာ မဟုတ်ဘူး။"
"ဒီအမတ် သဘောပေါက်ပါတယ်၊ သို့ပေမဲ့ အရှင့်အနေနဲ့ ညှာတာထောက်ထားပြီး သူ့ကို အခွင့်အရေးတစ်ကြိမ်လောက်ပေးဖို့ အသနားခံခြင်းပါ။"
YOU ARE READING
Fantasy၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိုင်ပြီး လက်တွဲဖော်ပါ ထောက်ပံ့ပေးဦးမယ်ဆိုသည်။ ကနဦးမှာ သူတွေးခဲ့တာက အမှိုက်ကောင်ရဲ့ကိုယ်ထဲ ဝင်နေပြီး က...