ရှန့်ဟန်နိုးလာမြင်တော့ ကျောက်ဟန့်သုန်း လှောင်ပြုံးတစ်ချက်ပြုံးလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ ရှန့်ဟန်နားကပ်သွားပြီး မေးကနေဆွဲယူမော့သည်၊ ဇွတ်ဆွဲယူမော့ခိုင်းထားပြီး ပြောသည်၊ "သိပ်သတ္တိကောင်းနေတယ်ပေါ့.. ဒီမြို့မှာ ဆက်နေရဲသေးတယ်ဆိုတော့.."
"မဟုတ်တာ. ငါက ပုံမှန်အတိုင်းနေရုံပါ" ရှန့်ဟန်သူ့ကိုတမင်ဆွလိုက်သည်၊ ရယ်သံကတော့ မနည်းဖျစ်ညစ်ထားရတာဆိုပေမဲ့..
"ဟက်." ကျောက်ဟန့်သုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့ကို ပြန်ဆောင့်တွန်းလိုက်သည်။ ရှန့်ဟန်ခုံပေါ်ကပြုတ်ကျသွားတော့ လူနှစ်ယောက်က ရှေ့ထွက်လာပြီး သူ့ကို ကြက်ကလေးမ'သလို ကောက်မပြီး ပြန်ဖိချထိုင်ခိုင်းပြန်သည်။
ကျောက်ဟန့်သုန်းက ဆိုဖာပေါ်ပြန်သွားထိုင်ပြီး သူ့ကို သုန်မှုန်စွာ စိုက်ကြည့်နေသည်၊ "လွန်ခဲ့တဲ့ရက်တွေက လုဇယ် အတော်လေးပြဿနာရှာလိုက်သေးတာ.. မင်းကမဆိုးဘူးပဲ.. ဖောက်ပြန်ထားတာတောင်မှ သူကမင်းအတွက်ဆို အသက်တောင်စွန့်ဝံ့တဲ့ပုံဖြစ်နေတုန်းဆိုတော့... ထားပါ၊ အဲ့လိုဖြစ်တာ ကောင်းသွားတာပေါ့.. သူမင်းကို ပိုဂရုစိုက်လေ၊ ငါမင်းကိုဖျက်ဆီးတဲ့အခါ သူပိုခံစားရလေ ဖြစ်မှာပဲ"
"ငါ့အမြင်တော့ မင်းက သူ့ကိုထိပ်တိုက်ရင်မဆိုင်ရဲတဲ့ငကြောက်သပ်သပ်ပဲ.. ဘာမဟုတ်တဲ့ လှည့်ကွက်ပေါက်စလေးတွေပဲ လုပ်တတ်တော့လေ" ရှန့်ဟန် ပြန်လှန်ပြောသည်။
Systemမှာ မနေသာပဲ ဝင်ထိန်းရသည်၊ [အခုချိန်က သူနဲ့ပြိုင်မပြောတာကောင်းမယ်နော်]
ကျောက်ဟန့်သုန်းမျက်နှာ ပိုမဲမှောင်သွားပြီး လှောင်ရယ်သည်၊ "ကောင်းတယ်.. မင်းဒီအတိုင်း ဆက်အကြောတင်းနေလိုက်.."
လက်ရမ်းပြလိုက်တော့ သူ့နောက်က ဝတ်စုံမဲနဲ့ လူတစ်ယောက်ကကပ်လာပြီး ဆေးတစ်လုံးထိုးပေးလာသည်။
ရှန့်ဟန်ထုံထိုင်းသွားသည်၊ စိတ်ထဲကနေ Systemကို ခေါ်လိုက်ပြီး ၊ [ရှောင်ကျုံ၊ ဒါ ဘာကြီးလဲ?]
Systemကိုယ်စား သာ့Aက ဝင်ဖြေသည်၊ [စိတ်အေးအေးထား.. မင်းမသေစေရဘူး]
YOU ARE READING
Fantasy၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိုင်ပြီး လက်တွဲဖော်ပါ ထောက်ပံ့ပေးဦးမယ်ဆိုသည်။ ကနဦးမှာ သူတွေးခဲ့တာက အမှိုက်ကောင်ရဲ့ကိုယ်ထဲ ဝင်နေပြီး က...