"..." ရှန့်ဟန် ကြောင်အသွားပြီး လက်ထဲကစာအုပ်ပါ လွတ်ကျတော့မလို့။ ဒီအယုတ်တမာလေး... အကုန်မှတ်မိနေတာလား?
နေ့တစ်ပိုင်းလောက်ကြာအောင်တောင် ဆွံ့အသွားသလိုပင်၊ သူ့ကိုယ်သူပြန် အသိစိတ်ကပ်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်ကာ၊ "အော! အဲ့ဒါ.. လုပ်ခဲ့သလိုပဲ။ ဒါပေမဲ့ ငါဘာမှသေချာမကြားလိုက်ရလို့၊ နားလည်လိုက်သလောက်တော့.. မင်းက ငါ့ကိုတခြားသူနဲ့မှားနေပြီး ကုမ္ပဏီကိုပါ ပေးပစ်ချင်နေတာလေ.."
ပြန်တွေးမိတော့ စိတ်ထဲမပျော်တော့။ စာအုပ်ဆီပြန်ကြည့်လိုက်ပြီး ဆက်ဟန်လုပ်ရသည်၊ ဒီအခွင့်အရေးမှာ သေချာပြောထားမှဖြစ်မည်မို့၊ "အဲ့ဒီကုမ္ပဏီက ကျန်းဂရုလက်အောက်ကဆိုတာ မင်းမေ့နေပုံပဲ။ စီမံခန့်ခွဲနေတာ မင်းဆိုပေမဲ့၊ စိတ်တိုင်းကျ ပိုင်ရှင်ကိုပြောင်းပစ်လို့ ဖြစ်တာမဟုတ်ဘူး.."
ဒီတစ်ခါ အံ့သြဆွံ့အသွားရသူက ကျိုးယွဲ့ဇယ်..။ သူ ရုတ်တရက် အားလုံးကိုသဘောပေါက်သွားသည်။ သူဖွင့်ပြောသားနဲ့ ကျန်းဟန်မပျော်တာမဆန်း၊ သေချာမကြားလိုက်ဘဲ အထင်လွဲသွားသည်ကိုး။ သူက တခြားတစ်ယောက်ကို သဘောကျနေပြီး၊ သူလေ့ကျင့်သင်ယူဖို့ပေးထားတဲ့ ကုမ္ပဏီကိုပါ သူများကိုပေးပစ်မယ်လို့ ထင်သွားတာကြောင့်ပဲ။
ဖွင့်ပြောတာကို ဘာလို့ကန်လွှင့်ခံလိုက်ရလဲဆိုတာ ကျိုးယွဲ့ဇယ် အခုမှသဘောပေါက်တော့သည်။ အဲ့လိုအခြေအနေမျိုးဆို ဘယ်သူမဆို တစ်ဖက်လူကို ကန်ပစ်ချင်မှာပါပဲ။ ကျိုးယွဲ့ဇယ် စိတ်ပျက်သွားသည်၊ ကောင်းကောင်းလေးဖွင့်ပြောသင့်တာကို သူကိုယ်တိုင်ဖျက်ဆီးလိုက်တာပဲ။ တကယ်ကို၊ အရက်က လမ်းမှားကိုပဲ ပို့ပေးတာ။
သူအမြန်ပြန်ဖြေရှင်းရမည်၊ "မစ္စတာကျန်း၊ ကျွန်တော် ကုမ္ပဏီကို တခြားဘယ်သူ့မှပေးဖို့ စိတ်မကူးခဲ့ပါဘူး"
ဟမ်? ရှန့်ဟန် စိတ်ရှုပ်ရှုပ်နဲ့မော့ကြည့်သည်။ သူ့လုပ်ရပ်ပေါ်သွားလို့ အခုမှ အပြစ်သိသလိုလုပ်ပြနေတာလား?
ကျိုးယွဲ့ဇယ် အသက်ရှူတောင်မမှန်ချင်တော့၊ ထပ်နားလည်မှူမလွဲရအောင် စကားကိုသတိထားပြောနေရသည်။ "ပြီးခဲ့တဲ့တစ်နှစ်လုံး၊ ကျွန်တော် ဒီကုမ္ပဏီအပေါ် အများကြီး အားစိုက်ထုတ်ပြီး အောင်မြင်အောင်ကြိုးစားခဲ့တယ်.. အဲ့ဒါတွေအားလုံးက. ခင်ဗျားအတွက်ပဲ.."
YOU ARE READING
Fantasy၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိုင်ပြီး လက်တွဲဖော်ပါ ထောက်ပံ့ပေးဦးမယ်ဆိုသည်။ ကနဦးမှာ သူတွေးခဲ့တာက အမှိုက်ကောင်ရဲ့ကိုယ်ထဲ ဝင်နေပြီး က...