18

2K 265 3
                                    

ရှန့်ဟန် သူတို့ကို ဘယ်လိုမှမယုံတော့၊ ဒီလူတွေစကားက အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ သူခဏတိုင်းလှည့်စားခံနေရသည်။ သို့ပေမဲ့ တခြားလမ်းမှမရှိဘဲ။ သာ့Aက အကြံပြုသည်၊ [အခု အဲ့ဒီဘက်မှာ ဘာမှအထွေအထူးမရှိဘူးဆိုတော့၊ ခင်ဗျားကိုယ်ကို ခင်ဗျားပြန်လာကြည့်ချင်လား? ခဏလောက်ပေါ့]

ရှန့်ဟန် တကယ်ပဲ အဲ့လိုလုပ်ချင်သည်မို့ မဝံ့မရဲပြန်မေးလိုက်သည်၊ [ဘာပြဿနာမှ မရှိလောက်ဘူးမလား?]

[စိတ်ချပါ၊ ခင်ဗျားက ပထမဆုံးအစမ်းသပ်ခံမဟုတ်ပါဘူး။ ကျွန်တော်တို့နည်းပညာကလည်း အဆင့်ဆင့်မြှင့်တင်စမ်းသပ်ထားပြီးသားကိုမှ အတော်လေးစိတ်ချရတဲ့အနေအထားမှာပါ]

[ဒါဆို.. လုပ်မယ်လေ] ရှန့်ဟန် အဓိကပြန်လာချင်သည့်အကြောင်းက သူဂိမ်းထဲမှာနေနေတာ ၁နှစ်မကတော့ဘူးဆိုတော့ သူ့အဖေရဲ့ အော်ကျယ်အော်ကျယ်အသံကို လွမ်းလာလို့ပင်။

သာ့Aအသံက ချက်ချင်းတည်တံ့သွားပြီး Systemကို အမိန့်ပေးသည်၊ "009, hostရဲ့အသိစိတ်ကို ပြန်နှိုးလိုက်"

[နားလည်ပါပြီ]

Systemရဲ့တုန့်ပြန်အသံမှာလည်း စက်ရုပ်ဆန်နေခဲ့ပြီး စုပ်ယူအားကောင်းကောင်းနဲ့ စွမ်းအင်တစ်ခုပါ ပါလာခဲ့သည်။ ရှန့်ဟန်မျက်စိရှေ့ကအရာရာမှာ အမှောင်ကျသွားပြန်သည်။ သူပြန်မျက်လုံးဖွင့်လိုက်တော့ နေရတာပေါ့ရွှတ်နေပြီး အသက်ရှုရတာလည်း အတန်ငယ် ခက်ခဲနေသည်။

ရှောင်Bက ရှေ့အမြန်တက်လာပြီး အရည်ကန်ထဲကသူ့ကို ဆွဲထူမပေးသည်။ သာ့Aက စက်ကဂရပ်တွေကိုပဲကြည့်နေသည်။ ပြဿနာမရှိတာမြင်တော့မှ ရှန့်ဟန်ကိုလှည့်မေးသည်၊ "ဘယ်လိုနေလဲ? နေရခက်တဲ့နေရာရှိလား?"

သူ့မျက်နှာပေါ်က အရည်စေးကပ်ကပ်တွေကိုသပ်ချရင်း ခေါင်းရမ်းပြလိုက်သည်။

သာ့Aက သက်ပြင်းချလိုက်ပြီး သူ့ကို စတားနက်ဝက်ရဲ့ချိတ်ဆက်ပုံကိုပြသည်၊ "ခင်ဗျား ဂိမ်းထဲမှာနေခဲ့တာ ၁နှစ်ကျော်သွားပြီပေမဲ့ တကယ့်အပြင်မှာတော့ ၁နာရီကျော်ကျော်ပဲ ရှိပါသေးတယ်။ ဒါဖက်ဒရေးရှင်းရဲ့ စံတော်ချိန်ပါ"

ပစ်မှတ်က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ် / ပစ္မွတ္က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ်Where stories live. Discover now