8

2K 292 2
                                    

လုဇယ်ပြောသံကြားတာနဲ့ teamကလူတွေရဲ့မျက်နှာတွေက ထူးဆန်းကုန်သည်၊ ချက်ချင်းဆိုသလို ရှန့်ဟန်ဆီကို အကြည့်တွေရောက်ကုန်ကြသည်။

စပ်စုလွန်းသူတချို့က မနေနိုင် ချက်ချင်းပဲ ကုမ္ပဏီရဲ့မှတ်ပုံတင်အချက်အလက်တွေကို ပြေးစစ်ကြည့်တော့၊ တကယ်ကိုပဲ ရှန့်ဟန်သည် သာမန်ပါတနာမျှသာမဟုတ်ဘဲ ကုမ္ပဏီတည်ထောင်သူ၂ဦးထဲက တစ်ဦးဖြစ်နေသည်။

ရလဒ်အနေနဲ့ ကောလဟာလတွေ ထပ်ထွက်လာပြန်သည်။ လက်ထောက်အသစ်သည် ကုမ္ပဏီတည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး လုပ်ပိုင်ခွင့်ရှိသူဖြစ်ကြောင်း၊ ဘယ်လိုအကပ်နဲ့မှ ဝင်လာတာမျိုး မဟုတ်ကြောင်း။

အလုပ်ထွက်သွားတဲ့ ကျန်းကျားကိုတော့ လူတွေက မြန်မြန်ပဲ မေ့သွားကြသည်။

ဒီအကြောင်းကိုသိရတော့ ရှန့်ဟန် အံ့သြလွန်းလို့ လုဇယ်ကို မမေးဘဲမနေနိုင်တော့၊ "ငါ့နာမည်က ဘယ်လိုလုပ် အဲ့မှာရှိနေတာလဲ?"

လုဇယ် နှာတစ်ချက်မှုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြနမဖြေသည်၊ "ကုမ္ပဏီစထောင်တုန်းက ရှယ်ယာရှင်၂ဦးနဲ့အထက် ရှိရမယ်ဆိုလို့၊ ဒီလိုပဲ မှတ်ပုံတင်တော့ မင်းနာမည်ယူသုံးလိုက်တာ"

တကယ်တမ်း ရှယ်ယာရှင်၁ဦးတည်းဖြင့် မှတ်ပုံတင်၍ရသည်၊ အနည်းဆုံးမှတ်ပုံတင်ရမည့် အရင်းအနှီးပမာဏပိုမြင့်သွားရုံသာရှိမည်။ ထျန်းချန်သည် တည်ထောင်သူတစ်ဦးတည်ဖြင့် တစ်ဦးတည်းပိုင်ကုမ္ပဏီဖြစ်သည်။ မှတ်ပုံတင်တွင် ရှန့်ဟန်နာမည်ပေါ်လာရခြင်းမှာ လုဇယ်က ဝဘ်ဆိုဒ်ကိုဟက်ပြီး ထပ်ဖြည့်ထားခြင်းသာ။ အချိန်ခဏအတွင်း အရေးပေါ်ကြံလိုက်ခြင်းဖြစ်သည်။

အကြောင်းမသိတဲ့ရှန့်ဟန်ကတော့ ပစ်မှတ်က မူလhostအပေါ် ဒီလောက်​ကောင်းပါလာဆိုပြီး ရင်ထဲထိသွားရသည်၊ ကုမ္ပဏီတစ်ဝက်ကိုတောင် ပေးသတဲ့လား? ကံမကောင်းချင်တော့လည်း ပစ်မှတ်က ဇာတ်လိုက်ကိုပြောင်းကြိုက်သွား.... နေဦး၊ တခုခုလွဲနေတာ မဟုတ်ဘူးလား? ပစ်မှတ်ရဲ့အရင်မူလဘဝက အောင်မြင်သွားတယ်လေ! ဒါဆို ဘယ်လိုလုပ် မူလhostက ကုမ္ပဏီကနေ ဘာအကျိုးအမြတ်မှမရလိုက်ဘဲ အဲ့လိုဇာတ်သိမ်းမလှ ဖြစ်သွားရတာလဲ?

ပစ်မှတ်က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ် / ပစ္မွတ္က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ်Where stories live. Discover now