12

2K 267 2
                                    

ဆေးရုံရောက်တော့လည်း သူ လုဇယ်ကိုဆက်ဖက်တွယ်ထားရင်း ညည်းညူနေသည်။ လမ်းမှာတင် သူအစာအိမ်နာတုန်းကကုပေးဖူးတဲ့ ဆရာဝန်နဲ့တွေ့သည်။ ဆရာက သူ့ကိုမြင်တော့ ပြောသည်၊ "မင်းက ဒီဆေးရုံနဲ့ အတော်ရေစက်ပါပုံပဲ"

ပြီးနောက် အခြေအနေကိုသိသွားတော့ အဲ့ဒီဆရာကပဲ သဘောကောင်းစွာနဲ့ လုပ်စရာရှိတာတွေကို အစအဆုံးလိုက်စီစဥ်ပေးသွားသည်။

လုဇယ်နေရခက်စွာနဲ့ သူ့ဘောင်းဘီထဲက မူမမှန်တဲ့ထိုတစ်နေရာကို မသိသာအောင် ကြိုးစားဖုံးကာနေရသည်။ သူ့မျက်နှာမှာ တောင့်တင်းနေပြီ။ ဘဝမှာ တစ်ခါမှ ဒီလိုမျိုးအရှက်မရဖူးခဲ့၊ စိတ်ထဲကနေ ကျောက်ဟန့်သုန်းကိုပဲ ဖိဆဲနေမိတော့သည်။

တနေကုန်နီးပါး ဂနာမငြိမ်ဖြစ်နေခဲ့ပြီးနောက်ဆုံးမှာတော့ ရှန့်ဟန်တစ်ယောက် ငြိမ်ကျပြီး အိပ်ပျော်သွားပြီဖြစ်သည်။ လုဇယ် ဝင်လာတော့ ရှန့်ဟန်ခြေထောက်တစ်ဖက်မှာ မြှောက်ချည်ဆွဲထားပြီး၊ လက်မောင်းမှာလည်း ကျောက်ပတ်တီးနဲ့။ လက်ကောက်ဝတ်တွေမှာလည်း ပတ်တီးတွေအထူသားနဲ့ အိပ်ယာပေါ် သနားစဖွယ်လဲလျောင်းနေသည်။

ဆရာဝန်က မှာထားခဲ့သည်၊ "ဒီလိုမျိုး ဆွဲထားရမှာ ၂ပါတ်တော့ကြာမယ်၊ ဒီအတောအတွင်း ဆေးရုံမှာနေတာ အကောင်းဆုံးပဲ။ မနက်ဖြန်မနက်ကျရင်တော့ ခင်ဗျား လိုအပ်တဲ့စာရွက်စာတမ်းတွေ ​ဖြည့်ပေးရလိမ့်မယ်။ တခြားဒဏ်ရာတွေကတော့ သိပ်ကြီးကြီးမားမားမရှိပါဘူး။ လက်ကောက်ဝတ်တွေကတော့ အပေါ်ယံထိရုံပဲ၊ လက်မောင်းမှာတော့ အရိုးကျိုးသွားတာမျိုးတွေရှိတယ်။ ပုံမှန်အတိုင်း သေချာပြန်ဆက်သွားမယ်ဆို တစ်လနဲ့ ကျောက်ပတ်တီးဖယ်လို့ရမှာပါ"

"ကျေးဇူးတင်ပါတယ်" လုဇယ် ခေါင်းညိတ်သည်။ ဆရာဝန်ထွက်သွားတော့ သူရှန့်ဟန်အနားတိုးသွားလိုက်ပြီး မျက်နှာပေါ်က ဒဏ်ရာဒဏ်ချက်တွေကို ညင်သာစွာ တို့ထိမိသည်။ သူ့အကြည့်တွေမှာ စူးစူးရဲရဲ။

ဆေးရုံခန်းထဲကနေ အမြန်ထွက်လိုက်ပြီး သူ့အမေရဲ့သီးသန့်ရှေ့နေကို ဖုန်းခေါ်သည်၊ "အန်ကယ်ကျန်း၊ ကျွန်တော့်ကို လုပ်ပေးစရာတစ်ခုရှိတယ်"

ပစ်မှတ်က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ် / ပစ္မွတ္က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ်Where stories live. Discover now