Warning: NOT PG 🚨
ကျိုးယွဲ့ဇယ်လည်း အိမ်ထိန်းကြီးကိုဝိုင်းကူပြီး အမြန်အထုပ်သိမ်းပေးသည်၊ ကြက်ပေါက်လေးတစ်အုပ်ပါတဲ့ လှောင်ခြင်းလည်း ယူသွားဖို့ပြင်ထားသည်။ ရှန့်ဟန်ကတော့ အဲ့ဒီအကောင်လေးတွေကို ကားပေါ်အသယ်မခံ၊ ကားနောက်ဖုံးခန်းမှာတောင် အတင်မခံပေ။
ပြန်လာတဲ့လမ်းတစ်လျှောက်လုံးလည်း ကျိုးယွဲ့ဇယ်တစ်ယောက်လုံး ရှန့်ဟန်ကိုပဲ နောက်ကြည့်မှန်ကနေ ဆက်တိုက်ခိုးကြည့်လာသည်။ မျက်နှာမှာလည်း ပြုံးနေပြီး၊ လမ်းတောင်မှားတော့မလို့။
ဘေးကထိုင်လိုက်လာတဲ့ အိမ်ထိန်းကြီးကတော့ ဖြစ်ပျက်နေတဲ့ သူ့မျက်နှာပေးကိုမြင်ပြီး ခေါင်းသာရမ်းမိတော့သည်။
ကျန်းအိမ်တော်ဗီလာကိုပြန်ရောက်သည်ထိတောင် ကျိုးယွဲ့ဇယ်မှာ အိပ်မက်လိုခံစားနေရသည်။ ပြန်ရောက်လာတဲ့သူအတွက် သူအလုပ်ရှုပ်ရလေပြီ၊ ရှန့်ဟန်အခန်းကို သန့်ရှင်းရေးလုပ်ပြီး၊ ချိုးဖို့ရေပါ ပြင်ဆင်ပေးသည်။
ရှန့်ဟန်က မသက်မသာနဲ့ပြောသည်။ "ဒါတွေက မင်းအလုပ်မဟုတ်တာကို။ ဒီလောက်လုပ်စရာရှားနေလည်း ကုမ္ပဏီပဲပြန်ဝင်လုပ်လေ.."
"ကုမ္ပဏီမှာက အထွေအထူးမရှိပါဘူး" ကျိုးယွဲ့ဇယ်က အလိုလိုပြန်ဖြေပြီးမှ၊ ချက်ချင်းဆိုသလို ပြန်ဖြေရှင်းပြန်သည်။ "ကျွန်တော်ပြောတာက.. လတ်တလော အရေးကြီးကိစ္စတွေ မရှိဘူးလို့ပါ၊ လက်ထောက်ကျောက်ရှိနေရင်ပဲ စီမံဖို့လုံလောက်ပါတယ်။"
ရှန့်ဟန်ဘက်ကဆက်နှုတ်ဆိတ်နေတာမြင်တော့ သူစကားဆက်ပြောဖို့ကြိုးစားသည်။ "ခင်ဗျား နားပြီးရင် တစ်ချက်လောက်ကြည့်ကြည့်ပါလား?"
ရှန့်ဟန် ဘာမှပြန်မဖြေဘဲ ကြောင်လေးကိုသာပိုက်လို့ ရေချိုးခန်းဆီဝင်သွားသည်။
ကျိုးယွဲ့ဇယ်လည်း နောက်ကနေ အမြန်လိုက်သွားပေမဲ့ ရုတ်တရက် ရှန့်ဟန်က ပြန်လှည့်လာတာမို့ သွားလက်စလမ်းမှာ ရပ်သွားရပြီး၊ အူကြောင်ကြောင်နဲ့ အလောရှင်းပြပြန်သည်။ "ခင်ဗျားအဝတ်တွေ ပြင်ပေးထားပြီးပြီ၊ ကျွန်တော်ထားထားတာ ဟိုမှာ.."
YOU ARE READING
Fantasy၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိုင်ပြီး လက်တွဲဖော်ပါ ထောက်ပံ့ပေးဦးမယ်ဆိုသည်။ ကနဦးမှာ သူတွေးခဲ့တာက အမှိုက်ကောင်ရဲ့ကိုယ်ထဲ ဝင်နေပြီး က...