'ကမ္ဘာတစ်သောင်း'စာရေးသူ၏ နာမည်အရင်းမှာ ကျိုးကျားဝေဖြစ်သည်။ အွန်လိုင်းဝတ္ထုများ စတင်ခေတ်စားသည့် အချိန်ကတည်းက နာမည်ရလာသည့် စာရေးဆရာလည်း ဖြစ်သည်။ သူ့ရဲ့မိုက်ခရိုဘလော့မှာ ဖော်လိုဝါသန်းဆယ်ချီရှိပြီး အင်မတန်နာမည်ကြီးသူ။ ဒါကပဲ လုဇယ် ဒီဝတ္ထုဇာတ်ကြောင်းနဲ့ ဂိမ်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းအရင်းတစ်ခုပင်။ ဂိမ်းအဖြစ်ပြန်ထုတ်မည်ဆို ပရိတ်သတ်အားတောင့်တင်းပြီးသားဟာမျိုး လိုသည်မို့။
Systemပြောပြတဲ့အချက်အလက်တွေကို နားထောင်ပြီးနောက် ရှန့်ဟန်မျက်နှာမှာ သဘောကျတောင့်တဟန်တွေ ပေါ်လာသည်၊ [အံ့ဖွယ်ပဲ.. စီနီယာကြီးက]
System : [....] မေ့တော့မလို့.. ရှန့်ဟန်သည်လည်း ဖက်ဒရေးရှင်းမှာတုန်းက တတိယအဆင့် ဝဘ်ဆိုက်တွေမှာ သာမန်ဝတ္ထုလေးတွေရေးတဲ့ အွန်လိုင်းစာရေးသူဖြစ်ခဲ့သည်ပဲ..။ ရတဲ့ဝင်ငွေက သူ့အတွက်သူတောင် မလောက်ငတာမို့ ဖခင်ဖြစ်သူဆီ မှီခိုခဲ့ရသည်။
သူ မြန်မြန်ပဲ ထိုစာရေးဆရာရဲ့ လက်ရာတွေကို systemကိုရှာခိုင်းပြီး ဖတ်လိုက်သည်။ လူချင်းတွေ့ရမှာဆိုတော့ သူ့မျက်လုံးတွေက လေးစားအားကျခြင်းတွေတလက်လက်။ သူသာ Huskyလို လက်စွမ်းရှိရင် ငွေမျက်နှာကြောင့်နဲ့ သာ့Aတို့ဆီမှာ ဒီလိုဂိမ်းအတွက် စာချုပ်နဲ့မိနေမှာမဟုတ်။
(Husky=ကျိုးကျားဝေ=ကမ္ဘာတစ်သောင်းစာရေးသူ)
Huskyသည် ကြိုးစားလုံ့လရှိသည့် စာရေးဆရာကောင်းတစ်ဦးဖြစ်သည်။ လုဇယ်နဲ့ရှန့်ဟန် အခန်းထဲဝင်သွားတော့ ထိုပုဂ္ဂိုလ်သည် တချောက်ချောက်နဲ့ စာရိုက်ရာမှာပဲ အာရုံရှိနေပြီး သူတို့ကို သတိထားမိပုံမရ။
သိချင်စိတ်ပြင်းပြနေတဲ့ရှန့်ဟန်က အနားကပ်သွားဖို့ပြင်ပေမဲ့ လုဇယ်က ပြန်ဆွဲတားထားသည်။
"သွားမနှောက်ယှက်နဲ့" တိုးတိုးလေးပြောလာသည်။
"အို." ရှန့်ဟန် ခေါင်းညိတ်ပြီး လိမ်လိမ်မာမာနဲ့ ဘေးမှာပဲ အသာရပ်နေလိုက်သည်။
သိပ်မကြာခင်ပဲ သူတို့ကို သတိထားမိသွားပြီး နေရာမှထကာ လက်ဆွဲနှုတ်ဆက်သည်၊ တစ်ဆက်တည်း ဝိတ်တာတွေကိုလည်း ဝန်ဆောင်မှုစပေးဖို့ အချက်ပြသည်။
YOU ARE READING
Fantasy၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိုင်ပြီး လက်တွဲဖော်ပါ ထောက်ပံ့ပေးဦးမယ်ဆိုသည်။ ကနဦးမှာ သူတွေးခဲ့တာက အမှိုက်ကောင်ရဲ့ကိုယ်ထဲ ဝင်နေပြီး က...