43.2

598 99 0
                                    

ကျောက်ဇယ် မျက်ဝန်းတွေ မှုန်မှိုင်းသွားသည်၊ သူ ဦးညွတ်လိုက်ပြီး၊ "ဘာများသုံးဆောင်ချင်ပါသလဲ အရှင်၊ ဒီအမတ်က စားဖိုဆောင်ကို စေခိုင်းလိုက်ပါ့မယ်။"

ရှန့်ဟန် သူ့ကို တချက်စောင်းကြည့်သည်၊ "မင်းက အမြန်ပြန် မသုံးသပ်သေးဘူးလား။"

ကျောက်ဇယ်က စိတ်ရှည်ဟန်နဲ့ ဖြေသည်။ "ခဏနေ ဒီအမတ်သွားလိုက်ပါ့မယ်။"

ရှန့်ဟန် ခဏစဉ်းစားသည်၊ ထားလိုက်တော့၊ ဒီနေ့ သူ သိပ်မလှုပ်ချင်၊ ဒီတော့ လုပ်ဆောင်ရမယ့် လျှောက်တင်လွှာတွေအကုန် ကျောက်ဇယ်ဆီ ပစ်ပေးလိုက်သည်။

ညအချိန်ရောက်လာပြီး၊ ကျောက်ဇယ်ဆီက စကားသံထပ်ထွက်လာသည်၊ "အရှင်၊ နန်းတော်ဂိတ်တံခါးတွေ ပိတ်သွားပြီဆိုတော့၊ ဒီအမတ် ဒီမှာပဲ ညတာကုန်ဆုံးလို့ ရမလား။"

ရှန့်ဟန်မျက်လုံးတွေ မှေးကျဉ်းသွားသည်။ အချိန်က ဒီလောက်မြန်မြန်ကုန်သွားလိမ့်မယ်လို့ ထင်မထား၊ သူ ခဏအတွေးနဲ့ငြိမ်သွားသည်။

ကျောက်ဇယ်က အသာအယာဆက်တွန်းသည်။ "အရှင်၊ ဒီအမတ်က ဆေးကူလိမ်းပေးလို့လည်းရ.."

"လိမ်း.. ဆေးလိမ်းမယ်?" ရှန့်ဟန် စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်လာသည်။

ကျောက်ဇယ်မျက်နှာက မျှော်လင့်တကြီးပုံစံနဲ့ ခေါင်းညိတ်လာသည်၊ "ဆေးလိမ်းမှ မြန်မြန်သက်သာမှာပေါ့။"

ချက်ချင်း ရှန့်ဟန်မျက်နှာမှာ အိုးဖင်လိုမဲလာသည်။ အံကြိတ်ပြီး၊ "ဆေး ဒီကိုပေး။"

ကျောက်ဇယ် မပေးချင်ပေးချင်နဲ့ ဆေးကိုလက်လွှဲပေးလိုက်ပြီးနောက် ဧည့်ခန်းဆီ နှင်ထုတ်ခံလိုက်ရသည်။

ဆိုပေမဲ့၊ သိပ်မကြာ၊ ရှန့်ဟန်က သူ့ကိုလှမ်းခေါ်ရပြန်သည်။ အံကြိတ်ပြီး ပြောလိုက်ရသည်က၊ "ဒီလာ၊ ကိုယ်တော့်ကို ဆေးလိမ်းကူ။"

ဆက်အမိန့်ကျလာသေးသည်၊ "မျက်စိကိုငြိမ်ငြိမ်ထား၊ လက်တွေလည်း သတိနဲ့နေ။"

"နားလည်ပါပြီ။" ကျောက်ဇယ် ရယ်ချင်စိတ်ကို မနည်းမြိုချပြီး ရှေ့တိုးသွားသည်။ ဆေးကို ကိုယ်တိုင်လိမ်းရအဆင်မပြေစေရန် သူ တမင်ရောစပ်ထားတာဖြစ်သည်။ နောက်ပြီး၊ ဘုရင်ငယ်လေးရဲ့ ခါးတွေခြေထောက်တွေက ညောင်းညာကိုက်ခဲနေဆဲမို့ လှုပ်ရှားရခက်နေမှာပင်။

ပစ်မှတ်က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ် / ပစ္မွတ္က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ်Where stories live. Discover now