ရှန့်ဟန်အိပ်ပျော်သွားတာနဲ့ လုဇယ်လည်း ဘေးကဝင်လှဲလိုက်ပြီး တစ်ဖက်လူကို ရင်ခွင်ထဲဆွဲဖက်ကာ အိပ်ဖို့အသင့်ပြင်ခိုက်မှာပဲ 'Husky'ဆီက မက်ဆေ့ချ်တချို့ဝင်လာသည်။ လုဇယ်တွန့်ဆုတ်သွားပေမဲ့ စိတ်ဝင်စားတာမို့ ဖတ်ကြည့်မိသည်။
နောက်ရက်မနက်မှာတော့ လုဇယ်အတင်းနှိုးတာနဲ့ ရှန့်ဟန်မနည်းအိပ်ယာထလိုက်ရသည်၊ သူ့အကူအညီနဲ့ပဲ မျက်နှာသစ်ဆေးကြောသန့်စင်ပြီးသည်ထိ ကြည်ကြည်လင်လင်မရှိသေးပေမဲ့ အနံ့မွှေးမွှေးတစ်ခု ရချိန်မှာတော့ သေချာနိုးသွားပြီဖြစ်သည်။ စားပွဲပေါ်က နေ့လည်စာဘူးကိုမြင်တော့ သူ့မျက်လုံးတွေ တောက်ပသွားပြီး မေးလိုက်သည်၊ "ဒီနေ့ ဘာဆန်ပြုတ်လဲ? အရံဟင်းရောပါလား?"
လုဇယ် ခဏတန့်သွားပေမဲ့ ဆန်ပြုတ်တစ်ပန်းကန်ထည့်ပြီး နောက်လှည့်လိုက်သည်၊ "ဒီနေ့တော့ ဘာအရံဟင်းမှမပါဘူး"
"အာ..! ဘာလို့လဲ..?" ရှန့်ဟန် နည်းနည်းတော့ စိတ်ပျက်သွားရသည်။
လုဇယ် ဆန်ပြုတ်ကိုမွှေနေရင်း ဖြေသည်၊ "အရံဟင်းတွေက အချဥ်တည်ထားတာတွေကများတာလေ.. မင်းမှအစာအိမ်မကောင်းတာ.. အဲ့ဒါမျိုးတွေ လျှော့စားရမယ်.."
"ပြီးရောလေ.." ရှန့်ဟန် လာခွံ့ကျွေးမှာကိုသာ စောင့်နေလိုက်သည်။ ဆန်ပြုတ်ချည်းပဲလည်း အတော်မွှေးပြီး အရသာရှိမယ့်ပုံမို့ ဒါစားရရင်ကို ကျေနပ်စရာကောင်းနေပြီ။
ခွံ့ကျွေးတယ်ဆိုမှ.. အဲ့ဒါကြီးက အတော်ကိုအဆင်မပြေ။ ဘာကြောင့်ဆို.. လုဇယ်က သူ့ကိုခွံ့ကျွေးရင်း ခဏတိုင်းလုစားတတ်သည်၊ တခါတလေ နှုတ်ခမ်းချင်းပါလာထိတာမို့ စားရင်းသောက်ရင်း သူများတံတွေးထိနေရတာကိုထားဦး၊ အစားတစ်လုပ်ခွံ့ဖို့ကို အရမ်းအချိန်ဆွဲတာမို့ ဘယ်ချိန်မှ ဗိုက်ပြည့်မယ်မှန်းတောင်မသိရ။ ခိုက်မိထားတဲ့ညာဘက်လက်ကို အကြောင်းပြပြီး လုဇယ်ကဒီတာဝန်ကိုဇွတ်ယူထားသည်။ ဘယ်လိုငြင်းငြင်းမရပါဘဲ ဒီတိုင်းခွင့်ပြုထားရသည်။
အာ.. မနက်စာလေးစားတာတောင် သူ့မယ် မျက်နှာနီရ၊ အသက်ရှုကြပ်ရနဲ့။ သူကလွဲလို့ ဘယ်သူမှလည်း မတွေ့ရမမြင်ရ။
YOU ARE READING
Fantasy၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိုင်ပြီး လက်တွဲဖော်ပါ ထောက်ပံ့ပေးဦးမယ်ဆိုသည်။ ကနဦးမှာ သူတွေးခဲ့တာက အမှိုက်ကောင်ရဲ့ကိုယ်ထဲ ဝင်နေပြီး က...