သိပ်မကြာတဲ့အချိန်အတွင်းမှာပဲ ကျိုးကော်ပိုရေးရှင်းက ဒေဝါလီခံကြောင်းကြေငြာသည်။ လုဝမ်ရဲ့ အသက်သွေးတမျှ ကြိုးပမ်းအားထုတ်ထားရခြင်းတွေဟာ ညတွင်းချင်းဆိုသလို ဖုန်မှုန့်ဖြစ်သွားရသည်။ ကျိုးသခင်ကြီးသည်လည်း အဖိုးထိုက်တန်လှတဲ့ဗီလာကြီးကနေ သာမန်တိုက်ခန်းတစ်ခန်းဆီ ပြောင်းသွားသည်၊ မသန်စွမ်းဖြစ်နေသည့် ကျိုးယွဲ့ချင်ကိုပါ ပြုစုစောင့်ရှောက်ပေးဖို့ အတူခေါ်သွားရလေသည်။
သို့ပေမဲ့ ကျိုးယွဲ့ချင်ကတော့ ဒီလိုဘဝမျိုးမှာ မနေနိုင်တော့တာမို့၊ သူကူးပြောင်းလာခဲ့သည့်မူလကမ္ဘာကိုများ ပြန်သွားနိုင်လောက်မလားဆိုတဲ့ မျှော်လင့်ချက်ဖြင့် သူ့ကိုသူသတ်သေသွားသည်။
ကျိုးမိသားစုကို အပြတ်ရှင်းပြီးတဲ့နောက် ကျိုးယွဲ့ဇယ်ရင်ထဲခံစားရတာ ပိုလစ်ဟာကျန်ခဲ့သည်။ အိပ်လို့လည်းမပျော်၊ မျက်လုံးမှိတ်လိုက်တိုင်းမှာ ကျန်းဟန်ရဲ့ပုံရိပ်တွေသာ မြင်ယောင်နေသည်။ တခါတရံ နွေးထွေးတဲ့အရိပ်အငွေ့တွေ တွေ့ရတတ်ပေမဲ့၊ အမြဲလိုအေးစက်ပြီး မထီမဲ့မြင်မျက်နှာထားရှိသည်ပင်။
အတွေးတွေနဲ့သာ လုံးထွေးရင်း ပျော်ရွှင်လိုက် ဝမ်းနည်းလိုက်နဲ့ သူ့စိတ်ကျန်းမာရေးမှာ တဖြည်းဖြည်းနဲ့ ယိုယွင်းဆုတ်ယုတ်လာသည်။ စိတ်တိုလွယ်လာပြီး ခန္ဒာကိုယ်မှာလည်း ပိန်ပါးလာခဲ့သည်။
တစ်လကြာအောင် အလူးအလဲခံစားရပြီးနောက်၊ ဘယ်လိုမှသည်းမခံနိုင်တော့ဘဲ ကျန်းဟန်ရှိတဲ့နေရာကို စုံစမ်းထောက်လှမ်းဖို့ သူ့လူတွေကိုလွှတ်တော့သည်။
ရှန့်ဟန်သည်လည်း အချိန်အတော်ကြာအောင် စိတ်ဓာတ်ကျနေခဲ့ပြီးမှ ပြန်ထူထောင်နိုင်ကာစ။ တခါတလေမှာ သာ့Aနဲ့ရော တခြားသူတွေနဲ့ပါ စကားစမြည်ပြန်ပြောနေနိုင်ပြီဖြစ်သည်။
အိမ်ထိန်းကြီးက ကြက်ပေါက်လေးတစ်အုပ်ကို ယူလာပေးသည်၊ အမွှေးထူထူ ဝါဝါလုံးလုံးလေးနဲ့ ကြက်ပေါက်လေးတွေမှာ ချစ်စရာအတိ။ အမြဲဆူညံပွက်နေတတ်တဲ့ ထိုအကောင်ပေါက်လေးတွေအသံက ချစ်စရာကောင်းပြီး အသက်ဝင်လှူပ်ရှားတဲ့ အငွေ့အသက်ကိုပေးသည်။
YOU ARE READING
Fantasy၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိုင်ပြီး လက်တွဲဖော်ပါ ထောက်ပံ့ပေးဦးမယ်ဆိုသည်။ ကနဦးမှာ သူတွေးခဲ့တာက အမှိုက်ကောင်ရဲ့ကိုယ်ထဲ ဝင်နေပြီး က...