32.1

1.5K 268 4
                                    

တကယ်တမ်း ရှန့်ဟန် အိမ်ထိန်းကြီးကိုခေါ်သွားဖို့ စိတ်ကူးမရှိခဲ့ပေမဲ့၊ သူထွက်သွားဖို့ပြင်နေချိန်မှာ တည့်တည့်တိုးခဲ့တာဖြစ်သည်။ အိမ်ထိန်းကြီးကျန်းက မျက်ရည်လည်ရွဲနဲ့တောင်းဆိုလာခဲ့သည်၊ "သခင်ကျန်း၊ ထွက်သွားမယ်ဆိုလည်း ကျွန်တော့်ပါခေါ်သွားမှပေါ့။ အစားရွေးပြီး ဒီလောက်အသန့်ကြိုက်တာ၊ ဘေးကနေကျွန်တော်ပဲဖြစ်ဖြစ်ကူညီပေးမှ အဆင်ပြေမှာမဟုတ်ဘူးလား.."

အစက ရှန့်ဟန် အိမ်ထိန်းကြီးကို မေ့အောင်ရိုက်ထားခဲ့မယ်စိတ်ကူးပေမဲ့ ဒီလိုကြားတော့ ချက်ချင်းပြန်စဥ်းစားရသည်။ တခြားကောင်းတဲ့အချက်တွေရှိသလို အိမ်တော်ထိန်းကျန်းက ဟင်းချက်လက်ရာလည်း မဆိုးလှဘူးပဲ။

နှစ်ယောက်သား တောင်ပိုင်းက တောင်ပေါ်ရွာလေးတစ်ရွာမှာ မြန်မြန်ပဲ အခြေချဖြစ်သည်။ တောင်တွေ၊ မြစ်ရေ နဲ့ လယ်ကွင်းတွေရှိတဲ့နေရာ။ ကြက်၊ ဘဲ၊ ငန်းတွေလည်း မွေးကြသည်။

အိမ်တော်ထိန်းကြီးက တော်တော်ကိုစိတ်တိုင်းမကျ။ အိမ်ကြီးက ဟောင်းလှပြီပြောလိုက်၊ ရွာထဲက ကလေးတွေ ဆူညံလွန်းတယ်ညည်းလိုက်နဲ့၊ ရှန့်ဟန်ကိုလည်း ​နားပူသေးသည်။ "ဆရာရယ်၊ ကျွန်တော်တို့ ငွေကြေးမတတ်နိုင်တာလည်း မဟုတ်ဘူး။ ဘာလို့ ဒီလောက်ယိုယွင်းနေတဲ့ရွာမှာ လာနေရတာလဲ? ဟိုမျက်ဆံဖြူဝံပုလွေကောင်ရှာတွေ့မှာစိုးရင်လည်း ပြည်ပထွက်လို့ရတာပဲကို.."

ရှန့်ဟန်က ခေါင်းခါသည်၊ "ငါ့အထင်တော့ အဆင်ပြေပါတယ်၊ အိမ်က နည်းနည်းညစ်ပတ်နေတာပဲ ရှိတာပါ။" ဒီတောင်ပေါ်မှာပေါက်နေပြီးသား အသီးအနှံတွေလည်းပေါတဲ့အပြင်၊ မြစ်ရေကလည်း ကိုယ့်အောက်မှာတင်။ အိမ်ရဲ့နောက်ကျောဘက်မှာ ဝါးတောလေးနဲ့ စမ်းချောင်းလေးလည်းရှိပြီး အေးချမ်းဆိတ်ငြိမ်လှသည်၊ အရင်ကမ္ဘာတုန်းက သွားလည်ဖူးတဲ့ လယ်တောအိမ်ကိုတောင် သတိရမိသေး။

နောက်နေ့မှာ ချက်ချင်းပဲ အိမ်ထိန်းကြီးက လူခေါ်ပြီး ရှန့်ဟန် သက်တောင့်သက်သာနေနိုင်ဖို့ရာ ဗီလာတစ်ခုအားချင်းဆောက်တော့သည်။

ကျန်းဟန်ပျောက်သွားပြီဆိုတာ ကြားရတော့ ကျိုးယွဲ့ဇယ်မျက်နှာမှာ အလွန်တည်ငြိမ်သွားသည်။ သူ့အကြည့်တွေက အလုပ်လုပ်လက်စဖိုင်ဆီမှာပဲ ဆက်ရှိနေပြီး သိပ်အရေးမကြီးတဲ့အကြောင်းအရာကို ကြားလိုက်ရသလို။ ခဏနေတော့ စာရွက်စာတမ်းတွေကိုကိုင်ရင်း ထိုင်နေရာက ထလာသည်၊ လက်တွေတုန်ယင်နေပြီး ခြေလှမ်းတွေမခိုင်နိုင်တော့တာ ဘေးကဘော်ဒီဂတ်မှာ အတိုင်းသားမြင်နေရသည်။

ပစ်မှတ်က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ် / ပစ္မွတ္က ငါသူ့ကိုကြိုက်တယ်ပဲ ထင်နေတယ်Where stories live. Discover now