ခွင့် (၃)

1.6K 146 16
                                    

"ဟေ့ ဟိုတစ်ယောက်
မင်းသူများရန်ဖြစ်တာကိုကြည့်ပြီးသွားရင်လဲ သကြားလုံးလေးခွာကူပေးသွားအုံး လက်နာလို့"

ကားစီသွားမလို့လုပ်နေတဲ့ Gem ရဲ့ခြေလှမ်းတွေက Fourth Nattawat ဆိုသူရဲ့စကားကြောင့်တုံ့ခနဲ့ရပ်တန့်သွားသည်....
ပန်းအိုးအကွဲတွေကြားမှာ ‌ဒူးနှစ်ဖက်ကိုခပ်ခွဲခွဲထောင်ထားပြီး ဒူးတစ်ဖက်စီပေါ်ကိုတံထောင်ဆစ်တင်ထိုင်နေသူကတော့ မကြာသေးခင်ကမှသောင်းကျန်းထားတာသူမဟုတ်သလိုခပ်ပြုံးပြုံးမျက်နှာဖြင့် Gem ကိုကြည့်နေလေ၏...…

Gem လည်းလူဆိုးလားလူကောင်းလားမသိတာကြောင့် ဒီလူကို ပြန်အဖတ်မလုပ်ပဲကျော်သွားရန်သာဆုံးဖြတ်လိုက်တော့သည်
ထို့နောက်  သူ့ကိုလျစ်လျူရှုကာ ဘေးကဖြတ် လျှောက်လာရင်း ကားရဲ့ lover seat ဘက်အခြမ်းကတံခါးကိုဖွင့်ပြီး ကိတ်ဘူးကိုအရင်နေရာချလိုက်သည်....
ကားတံခါးကိုပြန်ပိတ်ပြီး driver seat ကိုသွားမလို့လုပ်နေစဉ်မှာပဲ ခဲလုံးသေးသေးတစ်ခုက Gem နောက်ကျောကိုလာရောက်ထိမှန်၏

သက်သက်ရန်စ‌နေမှန်းသိပေမယ့်Gem ရန်မဖြစ်ချင်ပါ.....
ဂရုမစိုက်ပဲဆက်သွားရန်ပြင်တော့ နောက်ထပ်ခဲ‌သေးသေးတစ်လုံးကထပ်ရောက်လာပြန်သည်......

ဒါတော့များသွားပြီ .....

အလုပ်ပင်ပန်းလို့အိမ်ပြန်နား‌ချင်ပါပြီဆိုကာမှ ရန်ပွဲနဲ့တည့်တည့်တိုးရသည့်အပြင် ဘယ်ကမှန်း ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်က ကိုယ့်ကိုချာတိတ်တစ်ယောက်လိုပြုမူစနောက်နေတာကိုခံလိုက်ရတော့ Gem စိတ်ထဲမှာဖျင်းခနဲဖြစ်သွားရတော့၏.....

ဆက်သည်းခံနေရင် ပိုရောင့်တက်လာတော့မယ်.....

ဒါကြောင့် Fourth Natawatt ဆိုသူနဲ့သုံးလေးလှမ်းအကွာလောက်အထိလျှောက်သွားလိုက်ပြီး

" ခင်ဗျားဘယ်သူလဲဆို‌တာကျွန်တော်မသိဘူး
ဒါပေမယ့် ခင်ဗျားရဲ့အခုအပြုအမူကိုကြည့်လိုက်ကတည်းက ခင်ဗျားကယဉ်ကျေးမှုမရှိတဲ့လူတစ်ယောက်ဆိုတာတော့အခုပဲကျွန်တော်သေချာသိသွားပြီ
ပြီးတော့
ကျွန်တော်ခင်ဗျားတို့ရန်ပွဲကိုစပ်စုချင်လို့တမင်ရပ်ကြည့်နေခဲ့တာမဟုတ်ဘူး .....
ကျွန်တော်သွားမယ့်လမ်းမှာခင်ဗျားတို့ ရန်ဖြစ်နေကြလို့ ‌လာလို့အဆင်မ‌ပြေလို့ရပ်နေရုံပဲ
ခင်ဗျားတောင်းတဲ့အကူညီကိုပေးဖို့လဲကျွန်တော်စိတ်မပါဘူးသွားလိုက်ပါအုံးမယ်"

ခွင့်Where stories live. Discover now