ခွင့် (၂၆)

1.2K 117 42
                                    

Please be mine

caption နဲ့အတူ Fourth ရဲ့ instagram account မှာတက်လာတဲ့ Gemini Norawit ဆိုတဲ့ဒေါက်တာရဲ့ပုံကိုကြည့်ပြီး Phet Tinaphont ထိုင်ခုံလက်ရန်းကို လက်သီးနဲ့တစ်ချက်ထုချလိုက်သည်။

ပိုးသားညအိပ်ဝတ်စုံနက်ပြာရောင်ကိုဝတ်ဆင်ထားပြီး ကင်မရာကိုခပ်ပြုံးပြုံးစူးစိုက်ကြည့်နေတဲ့ ဒီဒေါက်တာက သမရိုးကျအဝတ်အစားနဲ့တောင်မှ သာမန်ထက်ထူးခြားထင်ရှားနေတဲ့ရုပ်ရည်ဟာ ဖုံးဖိထားလို့မရစွာ ထင်းထွက်နေသည်ကိုတော့ မကျေမနပ်ဖြစ်နေရင်းနှင့်ပင် Phet Tinaphont သတိထားမိလိုက်လေသည်။

ရုပ်ချောတော့ရောဘာလုပ်လို့ရမှာလဲ
လောကမှာ အင်အားအကြီးဆုံးအရာက ငွေကြေးနဲ့အာဏာပဲ

ဒါဟာ Phet Tinaphont တစ်သက်လုံးစွဲစွဲမြဲမြဲလက်ခံထားတဲ့အမှန်တရား

ဒါပေမယ့် ဘာလို့လဲ......

ဘာဖြစ်လို့ ရုပ်ရည်ကလွဲပြီးတခြားဘာထူးထူးခြားခြားပိုင်ဆိုင်မှုမှ မရှိတဲ့ ဒီဒေါက်တာပေါက်စကို Fourth ကဘာကြောင့်ဒီလောက်တန်းတန်းစွဲဖြစ်နေလဲဆိုတာ Phet Tinaphont စဉ်းစားလို့ကိုမရ.....

နည်းပညာနဲ့ဆိုင်တဲ့ကြောင်းအရာတွေကလွဲလို့ တခြားဘာအကြောင်းမှတင်လေ့မရှိတဲ့ Fourth ရဲ့ instagram account မှာပထမဆုံးတင်တဲ့ personal post ဟာ Gemini Norawit ဖြစ်နေခြင်းက Phet Tinaphont ကိုအကြီးအကျယ်စိတ်အနှောင့်အယှက်‌ဖြစ်စေသည်....။

အရင်ကဆို သူတစ်ခွန်းလောက်ခြိမ်းခြောက်လိုက်တာနဲ့ ဘာမဆိုခေါင်းညိတ်တတ်တဲ့ကောင်လေးက
နိုင်ငံခြားကပြန်လာပြီး ဒီဒေါက်တာနဲ့တွဲပြီးတဲ့နောက်ပိုင်းမှ
သူခြိမ်းခြောက်အကြပ်ကိုင်သမျှဟာ ထင်သလောက်အရာမရောက်တော့တာကြောင့် Phet Tinaphont ပိုပြီးခံပြင်းမိသည်။

ဒါတွေအားလုံးဟာ Gemini Norawit ကြောင့်.....

notification အသံကြောင့် လက်ထဲကဖုန်းကိုချထားလိုက်ပြီး စားပွဲပေါ်က iPad ကိုလှမ်းယူလိုက်တော့ သူ fake account တစ်ခုနဲ့ follow လုပ်ထားတဲ့ Gemini Norawit ရဲ့ instagram account က post အသစ်တက်လာခြင်းဖြစ်သည်။

တက်လာတဲ့ပုံက
နီညိုရောင်ပိုးသားညအိတ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ Fourth ဟာ နက်ပြာရောင်ညအိတ်ဝတ်စုံဝတ်ဆင်ထားတဲ့လက်မောင်းတစ်ဖက်ကိုခေါင်းအုံးကာလဲလျောင်းနေရင်း camera ကိုပြုံးပြီးကြည့်နေတဲ့ ပုံဖြစ်ပြီး caption ကတော့ Anything you want baby တဲ့.....

ခွင့်Where stories live. Discover now