ခွင့် (၇)

1.3K 134 12
                                    

project အသစ်အတွက်ရေးဆွဲထားတဲ့ program တွေကိုအဆုံးသတ်စစ်ဆေးပြီးတဲ့နောက် laptop ကိုရှေ့ချကာ‌‌ ခြေလက်တွေကိုအားရပါးရဆန့်ထုတ်ပြီးအကြောဖြေလိုက်သည်.....
ရုံးအပြန်ရေမိုးချိူးပြီးကတည်းက ပန်းသီးတစ်လုံးကော်ဖီတစ်ခွက်ချပြီး အလုပ်လုပ်နေသည်မှာ အချိန်တွေဘယ်လိုကုန်လို့ ကုန်သွားမှန်းပင်မသိလိုက်ချေ.....
အလုပ်ကိုအာရုံစိုက်ထားတုန်းကတော့မသိသာပေမယ့် အလုပ်ပြီးသွားတဲ့အချိန်မှာတော့မျက်ရိုးတစ်လျှောက်လုံး တဆစ်ဆစ်ကိုက်ခဲနေတာကိုသတိထားမိလာသည်......
တပ်ထားတဲ့မျက်မှန်အဝိုင်းကိုချွတ်လိုက်ပြီး ဆိုဖာနောက်မှီပေါ်ကိုခေါင်းလှန်ချကာ မျက်လုံးတွေကိုခဏအနားပေးလိုက်တော့မှ နားထင်စီတဒိတ်ဒိတ်ထိုးတက်လာတဲ့ကိုက်ခဲမှုက မခံမရပ်နိုင်ပင်.....

တစ်ပတ်....
တစ်ပတ်တိတိရှိသွားပြီ.....
မေမေ့ခြောက်နှစ်ပြည့်နှစ်ပတ်လည်ပွဲပြီးကတည်းက Fourth တစ်ယောက်အရူးလိုအလုပ်တွေလုပ်နေခဲ့တာ တစ်ပတ်တိတိရှိပြီဖြစ်သည်....

ဒီရက်တွေထဲမှာ
ဒီလိုမှအလုပ်ထဲစိတ်မနှစ်ထားရင် Fourth ဟာမေမေ့ကိုလွမ်းတဲ့စိတ်ရယ် ကိုယ့်ဘဝကိုမုန်းတီးရွံရှာစိတ်ရယ်ပေါင်းပြီး တကယ်ရူးသွပ်သွားနိုင်လေသည်....
အခုတော့ အာရုံစူးစိုက်ထားစရာအလုပ်ကလဲပြီးသွားပြီဖြစ်တာကြောင့် စိတ်ထဲမှာလစ်ဟာလို့နေလေ၏...
ကျယ်ဝန်းလှတဲ့ ကွန်ဒိုအခန်းထဲမှာ Fourth ရဲ့အသက်ရှူသံကလွဲပြီးတော့အရာအားလုံးပကတိငြိမ်သက်နေလေသည်...

အထီးကျန်သည်........

အလုပ်အကြောင်းကလွဲပြီး တခြားစိတ်ဝင်စားစရာမရှိတဲ့ Fourth ရဲ့လူငယ်ဘဝကသိပ်အထီးကျန်စရာကောင်းပါသည်.....

တခြားသူတွေရဲ့အမြင်မှာတော့ The Golden Eyes ရဲ့ CEO ဖြစ်တဲ့ Fourth Nattawat Jirochtikul ဟာ ချမ်းသာတယ်၊ ငယ်ရွယ်တယ်၊ ဉာဏ်ကောင်းတယ်၊ အနှောင်အဖွဲ့ကင်းတယ်၊ မျိုးရိုးအရှိန်အဝါကြီးမားတယ်၊ ဘဝကြီးက လူတကာလိုချင်ပြီးလူတိုင်းမရနိုင်တဲ့အရာတွေအပြည့်လို့ထင်ရပေမယ့် တကယ်တမ်းကျ အလုပ်လုပ်နေရခြင်းကိုသာဖယ်လိုက်လျှင် ဒီဘဝမှာ ဖက်တွယ်ထားချင်စရာ ဘာတစ်ခုမှ ကိုမရှ်ိပါ.....
ဗလာစာရွက်အလွတ်သက်သက်သာဖြစ်သည်....

ခွင့်Where stories live. Discover now