ခွင့် (၈)

1.3K 119 1
                                    

"Gem ငါဒီမှာ"

canteen ကိုရောက်တော့ Fourth ကထိုင်နေရာကနေလက်လှမ်းပြသည်.......
Gem ကပြုံးပြီး Fourth ကိုလက်ပြန်ပြလိုက်၏.......

နေ့လယ်စာ စားချိန်ကိုတော်တော်လေးကျော်နေပြီဖြစ်တာကြောင့် canteen မှာလူသိပ်မရှိပါ
brown sugar lattae တစ်ခွက်မှာယူပြီး Fourth စီကိုလျှောက်သွားလိုက်သည်....
ရှပ်အင်္ကျီ လက်ရှည်အညိုရောင်ကို လက်ခေါက်ကာ အသားရောင် စတိုင်ပင်နဲ့တွဲဖက်ဝတ်ဆင်ထားပြီး ဆံပင်တွေကိုလှန်တင်ထားသည့် Fourth က ငယ်ရွယ်ပြီးအထက်တန်းကျတဲ့သခင်လေးတစ်‌ယောက်ဟန်အပြည့်ပေါ်လွင်နေလေသည်......

အနားနားရောက်သွားချိန်မှာ Chanel ရေမွှေးနံ့သင်းသင်းလေးကို လည်းရှူရှိုက်မိလိုက်သေးသည်....

အင်း.... Fourth Nattawat က တကယ့်ကိုဘောစိလေး.....

" ‌တစ်နေရာရာနေလို့မကောင်းလို့လား Fourth"

ခုံမှာထိုင်ရင်းမေးလိုက်တဲ့ Gem ရဲ့ စကားကြောင့် Fourth ကခပ်ဟဟ လေးရယ်မော၏......

"မဟုတ်ပါဘူး ငါက Gem နဲ့တွေ့ချင်လို့ ပြီးတော့လမ်းလဲကြုံလို့ ဝင်လာတာ Gem ငါနဲ့စကားပြောဖို့ အားရဲ့လား"

"ခဏတော့အားပါတယ် Fourth ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲဟင်"

"အဲ့လိုတော့မရှိပါဘူး
ဒီနေ့ကအလုပ်တစ်ခုအဆင်ပြေပြေပြီးသွားလို့စိတ်ထဲမှာပေါ့ပါးနေတာ.....
တခြားသူတွေလိုအလုပ်ပြီးသွားလို့အောင်ပွဲခံတဲ့အနေနဲ့ အပေါင်းသင်းတွေနဲ့အတူတူ chill ရအောင် ငါ့မှာအပေါင်းသင်းကမရှိဘူးလေ
အိမ်လဲတန်းမပြန်ချင်‌သေးတာနဲ့
ဒီဘက်ရောက်တုန်း Gem ကိုသိရလို့ဝင်လာခဲ့တာ"

"ဟမ်....Fourth မှာတကယ်ကြီးသူငယ်ချင်းမရှိတာလား"

ကြွယ်ကြွယ်ဝဝ ထက်ထက်မြက်မြက်ရှိဟန်ပေါ်ပြီး ရုပ်ရည်ကလည်းပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဆိုတာထက်ကိုသာလွန်တဲ့ Fourth မှာသူငယ်ချင်းအပေါင်းသင်းမရှိဘူးဆိုတာကြောင့် Gem တော်တော်လေး အံ့ဩသွား၏......
ဖြစ်နိုင်ချေနည်းလွန်းပေမယ့် မဖြစ်နိုင်တာတော့လည်းမဟုတ်....
ရုပ်ကတော့အတည်အပေါက်ပြောနေတာပင်.....

ခွင့်Where stories live. Discover now