မျက်မှန်အဝိုင်းလေးကိုချွတ်ကာ ခုံပေါ်တင်လိုက်ပြီး ခါးက်ိုတင်းနေအောင်ပွေ့ပိုက်ရင်း တိုးတိုက်နမ်းရှိုက်လာတဲ့နှုတ်ခမ်းလွှာနွေးနွေးတွေကြောင့် Fourth မှာတစ်ကိုယ်လုံး တုန်တုန်ယင်ယင် လူးလူးလွန့်လွန့်....
အထပ်ထပ်စုပ်ယူနေယုံသာမက ရှေ့သွားကြီးကြီးလေးတွေနဲ့ပါ တစ်ချက်တစ်ချက် ကိုက် ကိုက်ဆွဲသေးတာကြောင့် Fourth နှုတ်ခမ်းသားလေးတွေတဖြေးဖြေးနဲ့စပ်ဖျင်း ပူထူလာသည့်တိုင်အောင် Gem ကတော့နမ်းနေတာကိုမရပ်ပေးသေး.....
လျှာဖျားအိအိလေးက Fourth အောက်နှုတ်ခမ်းကို တဖွဖွထိတွေ့ကာဝင်ခွင့်တောင်းလာတာကြောင့် နှုတ်ခမ်းလွှာတွေကို ဖွင့်ဟပေးလိုက်တော့ လူဆိုးလေးက နမ်းနေရင်းနဲ့ကျေကျေနပ်နပ်ပြုံးလိုက်ပြန်သေးသည်.....
ထို့နောက်မှာတော့ Fourth ရဲ့ခံတွင်းထဲကိုကျူးကျော်ဝင်ရောက်လာတာက Gem ရဲ့အိဖတ်စိုစွတ် နွေးထွေးနူးညံ့နေတဲ့လျှာဖျားနုနုလေး......
Fourth ရဲ့လျှာဖျားလေးကိုလာရောက်ထိတွေ့လိမ်ယှက်လိုက်ချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးလှိုက်ဖိုနွေးမြသွားမှုက ရှိရှိသမျှအာရုံခံအကြောလေးတွေထဲအထိယှက်ဖြာစီးဆင်းသွားသည့်အလား တစ်ကိုယ်လုံးကိုရှိန်းခနဲ......
ပုခုံးကျယ်ကျယ်တွေကိုသိမ်းကျုံးပွေ့ဖက်ပြီး ရူးရူးမူးမူးတုံ့ပြန်နမ်းရှိုက်မိတော့ Fourth ရဲ့ခါးပေါ်ကလက်ဖဝါးတွေက ရှုပ်အင်္ကျီအတွင်းထဲအထိတိုးဝင်လာကာ ကျောပြင်တစ်လျှောက် စုန်ဆန်ပြေးလွှားကုန်ကြသည်.......
နွေးထွေးကျယ်ပြန့်လွန်းတဲ့လက်ဖဝါးတွေရဲ့အထိအတွေ့ကြောင့် Fourth ရဲ့လက်မောင်း ပေါင်တံနဲ့ ကျောပြင်တစ်လျှောက်မှာ ကြက်သီးဖုလေးတွေကစီစီရီရီ.....
ကြာလာတော့ လျှာဖျားလေးကိုစုပ်ဆွဲလိုက် နှုတ်ခမ်းပါးလေးတွေကိုငုံခဲလိုက်နဲ့စိတ်ကြိုက်ဆိုးသွမ်းနေတဲ့ လူဆိုးလေးကြောင့် Fourth မှာ အသက်ရှူလို့ပင်မဝတော့ချေ....
တကယ် လူကိုအသက်ရှူကျပ်တဲ့အထိနမ်းပစ်တဲ့ဟာလေး.….
အသက်ရှူရခက်လာတာကြောင့် ရင်ဘက်ကိုဖွဖွပုတ်လိုက်တော့မှ အဆုံးသက်အနေနဲ့ နှုတ်ခမ်းပါးလေးတစ်စုံလုံးကိုငုံထွေးစုပ်ယူလိုက်ပြီး နမ်းနေတာကိုအဆုံးသတ်ကာ Fourth ရဲ့နှုတ်ခမ်းလေးကိုမလွှတ်ချင်လွှတ်ချင်နဲ့ ပြန်လွှတ်ပေးသည်.....
YOU ARE READING
ခွင့်
RandomGemini..... ချစ်ပေးတာရော ဂရုစိုက်တာရော လွမ်းတာရော သဝန်တိုတာရော ကျွန်တော်ကပဲလုပ်ပါ့မယ် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်ပြုပေးပါ Fourth....... Fourth..... Gem ကအရမ်းပြီးပြည့်စုံလွန်းတယ် ပြီးပြည့်စုံလွန်းလို့ငါ့မှာဖမ်းဆုပ်ထားလိုက်မိမှာကိုကြောက်မိတဲ...