နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေရာက ရုတ်တရက်ကြီးလန့်နိုးလာတာကြောင့် Fourth ဆတ်ခနဲထထိုင်လိုက်သည်.…...
အိမ်မက်ဆိုးမက်တာလည်းမဟုတ်ပါပဲ ချွေးစေးတွေပျံပြီး နိုးလာကာ ရင်ကလည်းအဆမတန်တုန်ယင်နေလေသည်....
တဒီတ်ဒိတ်ခုန်နေတဲ့ရင်ဘက်ကိုလက်နဲ့ဖိထားရင်း ကုတင်ဘေးကစားပွဲပေါ်မှာရှိတဲ့ ရေတကောင်းထဲက ရေတစ်ခွက်ငှဲ့သောက်လိုက်တော့ မှအနဲငယ်ရင်တုန်ပြေသွားသလိုရှိသည်
ဒါပေမယ့်စိတ်ထဲမှာနေရတာပေါ့မသွား......တစ်ခုခုကိုစိုးရိမ်နေသလို လေးလေးပင်ပင်ခံစားမှုကြောင့် လူကသက်တောင့်သက်သာမရှိနေ.....
ဖုန်းကနာရီကိုကြည့်လိုက်တော့ ညဆယ့်တစ်နာရီခွဲပင်ရှိသေးသည်......
notification light လေးကလည်းစိမ်းနေတာကြောင့် ဝင်ကြည့်လိုက်တော့ Gem က line ကစာပို့ထားခြင်းပင်
💬 အချစ်အိပ်ပြီလား......😊
💬 မောင် လွမ်းလို့......😔
💬 အချစ်တကယ်အိပ်ပြီလား....😏
💬 အော်.....အခုတော့အချစ်ကမောင်မရှိပဲနေနိုင်သွားပြီပေါ့လေ🥺
💬 ရပါတယ်.....မောင့် ထိုက်နဲ့ မောင့် ကံပဲရှိပါစေတော့ ပစ်ထားလိုက်ပါ😢
💬 ပစ်ထားလိုက်ဆိုတာအလကားနောက်တာ တကယ်ပစ်မထားနဲ့.......☹️
💬 အချစ် မောင့်ကိုပစ်မထားနဲ့လို့😥
💬 အချစ်ရေ......😧😨😰😭
emoji ပေါင်းစုံနဲ့ တစ်ယောက်ထဲ drama ချိုးပြီး ဗြောင်းဆန်နေတဲ့ Gem ကြောင့် Fourth တသောသောရယ်မောမိလေတော့သည်....
သူပဲအမျိုးမျိုး.....
တက်လဲတက်နိုင်တဲ့ဟာလေး......အငယ်ဆုံးသားမို့လို့လားမသိ တစ်ခါလေ Gem က အလွန်ချွဲသည်....
Gem ရဲ့ချစ်စရာကောင်းလွန်းတဲ့ message လေးတွေကြောင့် Fourth ရဲ့လေးပင်နေတဲ့စိတ်တွေပေါ့ပါးသွားကာ အခုမှနေသာထိုင်သာရှိသွားတော့သည်......
လွန်ခဲ့တဲ့ဆယ်မိနစ်လောက်ကမှပို့ထားတဲ့စာတွေဖြစ်လို့ ချက်ခြင်းတော့အိပ်မပျော်လောက်သေး.....
YOU ARE READING
ခွင့်
RandomGemini..... ချစ်ပေးတာရော ဂရုစိုက်တာရော လွမ်းတာရော သဝန်တိုတာရော ကျွန်တော်ကပဲလုပ်ပါ့မယ် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်ပြုပေးပါ Fourth....... Fourth..... Gem ကအရမ်းပြီးပြည့်စုံလွန်းတယ် ပြီးပြည့်စုံလွန်းလို့ငါ့မှာဖမ်းဆုပ်ထားလိုက်မိမှာကိုကြောက်မိတဲ...