ခွင့် (၃၃)

1.3K 126 80
                                    

Gem ရေချိုးခန်းထဲကပြန်ထွက်လာတဲ့အချိန် Fourth ကအခန်းထဲမှာမရှိတော့.........

ကုတင်ပေါ်မှာ Fourth ထုတ်ပေးထားခဲ့တဲ့ညအိပ်ဝတ်စုံကိုယူဝတ်လိုက်ပြီး ရေစိုနေသောဆံပင်တွေကိုတဘတ်ဖြင့်သုတ်ရင်းအခန်းပြင်သို့ထွက်လာခဲ့သည်.....
ဧည့်ခန်းထဲရောက်တော့ Fourth ကဆိုဖာပေါ်မှာခြေထောက်တင်ကာထိုင်နေရင်း laptop နဲ့အလုပ်ရှုပ်နေလေသည်......

ချည်သားအင်္ကျီအဖြူပွပွကိုအဖြူရောင်ချည်သားဘောင်းဘီအတို‌ လေးနဲ့တွဲဖက်ဝတ်ဆင်ထားကာခေါင်းလျှော်ပြီးခါစ ဆံပင်အုပ်အုပ်စင်းစင်းလေးတွေနဖူးပေါ်ကပိုကရိုဝဲကျ‌နေပြီး မျက်မှန်အဝိုင်းလေးတပ်ထားတဲ့ Fourth ကဂျပန်ကာတွန်းကားတွေထဲက ဇာတ်ကောင်လေးတစ်‌ကောင်အသက်ဝင်‌နေသလို..….

ညနေက ဝတ်စုံအပြည့်နဲ့သပ်ရပ်ခန့်ညားနေတဲ့ အမျိုးသားငယ်လေးက အခုကျတော့ အိမ်နေရင်းပေါ့ပါ့ပါးပါးဝတ်စုံလေးနဲ့ နုနုနယ်နယ် ချစ်စဖွယ်အသွင်ကိူဆောင်နေ‌ပြန်လေသည်.....

ဘယ်လိုပဲဖြစ်ဖြစ် Gem ကတော့ ချစ်ရသည်ပင်.....

Gem အဖြူလုံးလေးရဲ့ဘေးမှာဝင်ထိုင်‌လိုက်သည်.....

"ငါမနက်ဖြန်အတွက် အချိန်ဇယားကြည့်လိုက်အုံးမယ် တကယ်လို့ မောင် အိပ်ချင်လာရင် အခန်းထဲကကုတင်မှာသွားအိပ်နှင့်နော်"

Fourth ကနဖူးပေါ်အုပ်ကျနေတဲ့ဆံပင်တွေကိုသပ်တင်ရင်း  laptop screen ကိုအကြည့်မလွှဲပဲဆိုတော့ Gem က

"မောင် မအိပ်ချင်သေးပါဘူး ဖုန်းခဏသုံးလိုက်အုံးမယ်
အချစ် နဲ့မှအတူတူအိပ်တော့မယ်"

"အဲ့ဒါဆိုလည်းဆံပင်ရေပြောင်အောင်အရင်သုတ်လေ မဟုတ်ရင်အအေးမိလိမ့်မယ်"

"No ပါ.....မောင် ကဘယ်တော့မှအအေးမိဘူး"

"လေအိုး"

Fourth နှာခေါင်းလေူရှုံ့ကာကရယ်ချင်ဟန်ဖြင့်ပြောတော့ Gem က

"တကယ်ပြောတာ
မောင့် မှာအအေးမမိစေတဲ့လျို့ဝှက်တစ်ခုချက်ရှိတယ်
မွေးကတည်းကအခုချိန်ထိဘယ်သူ့ကိုမှမပြောပြဖူးဘူး
ဒါပေမယ့် အချစ် သာသိချင်တယ်ဆိုရင်တော့ မောင် ပြောပြပေးမယ်
ဘယ်လိုလဲ....သိချင်လား"

ခွင့်Where stories live. Discover now