ခွင့် (၁၉) 🚨

2.8K 137 42
                                    

🚨🚨🚨
အသက်မပြည့်ရင် တကယ်မဖတ်ပါနဲ့လို့ 😤.....
.
.
.
မျက်ဝန်းလေးတွေမှေးစင်းကာ လက်ဖဝါးကိုအနမ်းပေးနေတဲ့ကောင်လေးကို ကြည့်ပြီး Gem ရဲ့ရင်ခုန်သံတွေစည်းချက်မညီတော့။
အရမ်းချစ်စရာကောင်းလွန်းသည် တစ်ချိန်ထဲမှာပဲအရမ်းလည်းဆွဲဆောင်မှုရှိနေပြန်သည်။
ဘေးတစောင်းမြင်နေရတဲ့ မေးရိုးလေးက Gem လိုလေးထောင့်မဆန်ပဲ သွယ်သွယ်လျလျ ချွန်ချွန်မြမြလေး။
ဖွေးဥနေတဲ့လည်တိုင်ပေါ်မှာ ယှက်ဖြာစီးဆင်းနေတဲ့ သွေးကြောလေးတွေကလဲ နုနုဖတ်ဖတ် စိမ်းစိမ်းစိုစို။

ထိတွေ့ချင်သည်။

လည်တိုင်ကျော့ကျော့လေးကို စိတ်ရှိတိုင်းနမ်းရှိုက်ပစ်လိုက်ချင်သည်။

ညှပ်ရိုးထင်းထင်းလေးတွေကိုအကြည့်ရောက်သွားတော့ Gem ဟာ ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့သက်ပြင်းကိုချမိသည်။

ကြာရင်ခက်ရချည့်အချစ်ရေ.....။

အသက်ရှူသံတွေ ကျယ်လောင်လေးပင်ကာ သက်ပြင်းတွေစွတ်ချနေတဲ့ Gem ကိုကြည့်ပြီး Fourth သဘောတကျပြုံးမိသည်။
Fourth နဲ့ဆိုရင် Gem က တကယ့်ကို နှာဘူးလေး....။

Fourth က Gem ရဲ့လက်ဖဝါးကိုဆွဲယူပြီး သူရဲ့ရင်ဘက်ပေါ်ကိုဖြန့်တင်လိုက်သည်။ ထို့နောက် Gem ရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်ရင်း

"ဒီထဲက ကောင်လေးကဘာတဲ့လဲ Gem"

Gem က ရင်ဘက်လေးကို ပိုတိုးလို့ထိတွေ့ရင်းပြန်ဖြေသည်။

"ထွက်ပြေးရတာ မောနေပြီတဲ့
ဒီထဲကကောင်လေးကရော ဘာပြောလဲ Fourth"

Fourth ရဲ့လက်ဖဝါးလေးကို Gem ရင်ဘက်မှာကပ်ပေးရင်းပြန်မေးတော့ Fourth ကခပ်ပြုံးပြုံးမျက်နှာလေးနဲ့ပြန်အဖြေပေးသည်။

"ဒီထက်ပိုပြီး လိုက်မဖမ်းချင်တော့ဘူး တဲ့"

"ဒါဆိုလည်းလိုက်မဖမ်းနဲ့တော့ ကျွန်တော်ပဲ Fourth စီရောက်အောင်လာတော့မယ်
Fourth ကျွန်တော့်ကိုခွင့်ပြုပေးနော်"

ခေါင်းညိတ်ပြတဲ့ကောင်လေးရဲ့ မေးရိုးတစ်လျှောက်ကို Gem နှုတ်ခမ်းတွေနဲ့ ပွတ်ဆွဲကာ နမ်းရှိုက်လိုက်တော့ အသက်ရှူသံကျယ်ကျယ်လောင်လောင်နဲ့အတူ လက်လေးနှစ်ဖက်က Gem ရဲ့ရှပ်အင်္ကျီကိုဆုပ်ကိုင်လာသည်။ နှုတ်ခမ်းဖူးလေးကို ယစ်မူးစွာစုပ်ယူလိုက်တော့ Fourth ဘက်ကလည်း Gem ထက်မလျော့တဲ့ စိတ်အားထက်သန်မှုတွေနဲ့ပြန်လည်နမ်းရှိုက်လာတာကြောင့် ထိန်းချုပ်ထားတဲ့ Gem ရဲ့စိတ်တွေက အထိန်းအကွပ်မဲ့စွာ အလဲလဲအပြိုပြို။
မျက်နှာနုနုလေးထက်ကို နေရာမလပ်နမ်းရှိုက်နေရင်းကနေ ခါးသိမ်သိမ်လေးကိုတစ်ဖက် တခေါက်ကွေးအောက်ကိုတစ်ဖက် လက်လျှိုကာဆွဲမပြီး ပေါင်ပေါ်ပွေ့‌တင်လိုက်သည်။ အင်္ကျီကိုဆုပ်ကိုင်ထားတဲ့လက်လေးတွေကို ဖြေလျော့လိုက်ကာ Gem ကိုယ်တိုင်ကိုယ်ကျ လည်တိုင်ပေါ်မှာနေရာချထားပေးလိုက်သည်။
နားရွက်ဖျားလေးကို မြတ်နိုးမဝစွာ ငုံထွေးနမ်းရှိုက်လိုက်တော့ Gem လည်တိုင်ကိုဖက်တွယ်ထားတဲ့လက်လေးတွေကတင်းကျပ်သွားပြီး Gem လက်ထဲက ခါးလေးဟာလည်း ကော့ခနဲ။
Gem ညစ်ကျယ်ကျယ်လေးပြုံးလိုက်မိသည်။
ဆိုတော့.....ကျွန်တော့်ကောင်လေးရဲ့ sensitive point ကနားအဖျားလေးတွေပေါ့။
အထိမခံဖြစ်နေပုံလေးက ချစ်ဖို့ကောင်းလွန်းတာကြောင့် ထပ်ခါထပ်ခါထိတွေ့မိတော့ Gem ရဲ့ ဆံသားတွေထဲမှာ လက်ချောင်း‌သွယ်သွယ်လေးတွေ ပြေးလွှားကုန်ကြသည်။
Gem ပေါင်ပေါ်တင်ပွေ့ထားတဲ့အတိုင်းလေး မတ်တပ်ထရပ်လိုက်တော့ ရင်ခွင်ထဲက ကလေးလေးက မျက်လုံးလေးလှန်ကြည့်သည်။

ခွင့်Where stories live. Discover now