ခွင့် (၂၂)

1.2K 137 55
                                    

"ဟယ်လို Phi Net အခြေအနေဘာထူးလဲခင်ဗျ"

"ဟုတ်ကဲ့အစ်ကိုလေး
အစ်ကိုလေးခန့်မှန်းထားသလိုပဲ အဲ့နေ့က Phet Tinaphont က Khun Fourth ရဲ့ရုံးခန်းကိုလာခဲ့ပါတယ်ခင်ဗျ
မိနစ်နှစ်ဆယ်လောက်နေတော့ ပြန်ထွက်လာပါတယ်
ကျွန်တော် The Golden Eyes building ရှေ့ကကော်ဖီဆိုင်ရဲ့ CCTV မှာရှာတွေ့ထားပါတယ်"

Gem ထင်ထားတဲ့အတိုင်းပဲ.....
Fourth ကိုစိတ်ဆင်းရဲအောင်လုပ်တဲ့ တရားခံက Phet Tinaphont Chapthalom ဖြစ်နေသည်ပင်....

မျှော်လင့်ထားပြီးသားအဖြေဖြစ်နေတာကြောင့်သိပ်တော့မအံ့ဩမိ

"Chapthalom group ရဲ့မတော်တဆမှုကရော"

Gem စားပွဲပေါ်မှာတင်ထားတဲ့ ဖန်တုံးလေးကိုလက်ဖျားနဲ့တို့ထိရင်း တစ်ဖက်ကပြောလာမယ့်အဖြေကို‌ သေသေချာချာအာရုံစိုက်ပြီးနားထောင်နေလိုက်သည်။

" Chapthalom Construction ရဲ့မတော်တဆမှုမှာ နစ်နာသူစုစုပေါင်း နှစ်ဆယ့်ငါးယောက်ရှိပါတယ် အကုန်လုံးကတရားစွဲဆိုထားခြင်း မရှိပါဘူး
Chapthalom group ဘက်ကလတ်‌တလောမှာ နစ်နာသူတွေရဲ့စားဝတ်နေရေးနဲ့ ဆေးရုံစရိတ်တွေကိုတာဝန်ယူထားပေးပြီး ဒီလကုန်ရင်တော့နစ်နာကြေး အနေနဲ့ တစ်ယောက်ကို ဘတ်တစ်သန်းစီထပ်ပေးမယ်လို့သိရပါတယ်
ဒါပေမယ့် အဲ့ဒီဆိုက်ကကောင်လေးတစ်ယောက်ပြောတာက မတော်တဆဖြစ်တဲ့နေ့က စုစုပေါင်းအလုပ်ဆင်းတဲ့အလုပ်သမားက သုံးဆယ်ရှိတယ်
အသေးစားထိခိုက်ဒဏ်ရာရတဲ့သူကနှစ်ယောက်
ဘာဒဏ်ရာမှမရတဲ့သူက အဲ့ကောင်လေးရယ် တခြားတစ်ယောက်ရယ် နှစ်ယောက်ရှိတယ်
အားလုံးပေါင်း နှစ်ဆယ်ကိုးယောက်   Yai ဆိုတဲ့ အသက်လေးဆယ့်ရှစ်နှစ်အရွယ်အမျိုးသားတစ်ယောက်ပျောက်ဆုံးနေပါတယ်ခင်ဗျ"

Phi Net ပြောတဲ့စကားကြောင့် Gem ‌မျက်မှောင်ကျုံ့လိုက်မိသည်။
Yai ဆိုတဲ့အမျိုးသားပျောက်ဆုံးနေခြင်းက သွေးရိုးသားရိူးမဟုတ်မှန်း ကလေးပင်တွေးတတ်သည်မဟုတ်ပါလား။
တကယ်လို့ Khun Yai ပျောက်ဆုံးနေရခြင်းရဲ့အဓိကတရားခံဟာ Phet Tinaphont သာဖြစ်နေခဲ့မယ်ဆိုရင် Khun Yai အတွက်တော့ အလွန်ကိုအန္တရာယ်များသည့်အနေအထားပင်ဖြစ်သည်။

"ပြီးတော့ ပိုပြီးထူးဆန်းတာတစ်ခုက Yai ဆိုတဲ့အမျိုးသားကို ကုမ္ပဏီဝန်ထမ်းစာရင်းမှာပါရှာလို့မရတာပါခင်ဗျ"

ခွင့်Where stories live. Discover now