ခွင့် (၂၇)

1.4K 131 39
                                    

Gem အသက်ရှူသံမှန်မှန်နဲ့အိမ်မောကျသွားပြီဖြစ်တဲ့ Fourth ရဲ့နဖူးပြင်လေးကိုဖွဖွမွှေးကြူကာ မျက်နှာကြည်ကြည်လေးကိုတစိမ့်စိမ့်ငေးကြည့်နေမိသည်။

နီညိုရောင်ပိုးသား pajamas ထဲမှာကွေးကွေးလေးနစ်မြုပ်နေတဲ့ ဖြူဖြူလုံးလုံးကောင်လေးက ကတ္တီပါ‌ပိုးကောင်နီတာရဲလေးလိုအသဲယားစဖွယ်။
ဖြစ်ညှစ်ပစ်ချင်စဖွယ်။

စိမ်းစိမ်းမှောင်မှောင်မျက်ခုံးတန်းလေးတွေအောက်က ဖောင်းအစ်နေရှာတဲ့မျက်ခွံမို့မို့လေးတွေကိုအာရုံစိုက်မိတော့ ထိုမျက်ခွံလေးတွေကိုစိတ်တိုင်းကျနမ်းပစ်လိုက်ချင်တဲ့စိတ်တွေတဖွားဖွား.....

Gem အသက်ကိုခပ်ပြင်းပြင်းရှူကာ ထိတွေ့နမ်းရှိုက်ချင်နေတဲ့စိတ်ကိုချွန်းအုပ်ထားလိုက်သည်....။

ရက်ပေါင်းများစွာအိပ်ရေးပျက်ထားပုံပေါ်တဲ့ မြတ်နိုးရသူ ထိုအမျိုးသားလေး ထပ်ပြီးအိပ်ရေးမဝမှာကို Gem စိုးရိမ်ပါသည်။

ခဏနေတော့ Gem ဘက်ကိုစောင်းကာကွေးကွေးလေးအိပ်နေရာက အီ ခနဲ့အသံပိစိလေးထွက်လာပြီး ‌ခြေတွေလက်တွေကိုဆန့်ထုတ်လိုက်ပြန်တာကြောင့် ဒဏ်ရာတွေကိုမဖိမိအောင် Gem မှာအသဲအသန်လိုက်ကာပေးရပြန်သည်။

ဒါလေးကို Gem နဲနဲလေးတောင်မှ ထပ်မနာကျင်စေချင်တော့....
မတော်တဆလေး‌ပဲဖြစ်ဖြစ် Fourth ကို နဲနဲလေးမှအထိခိုက်မခံနိုင်တော့ပေ.....

Gem သေသေချာချာဆေးထည့်ပေးပြီးပေမယ့် ဖြူအုနုထွေးနေတဲ့အသားရေပေါ်မှာထင်ထင်ရှားရှားကျန်ရှိနေသေးတဲ့ ကုတ်ခြစ်ရာတွေကိုစူးစူးစိုက်စိုက်ထပ်ကြည့်မိတော့ Phet Tinaphont Chapthalom ကို အစကပြန်ပြီးဒေါသထွက်လာပြန်သည်။

Titicharoenrak အိမ်ကအငယ်ဆုံးသားရဲ့အသည်းအသက်ကိုမှ မကြောက်မရွံ့လာထိရဲတယ်ဆိုတော့ Phet Tinaphont Chapthalom ကမိုက်ရူးရဲဆန်တာလား ဦးနှောက်မရှိတာလားမပြောတတ်.....

သေချာတာတစ်ခုကတော့ ချစ်ရသူကိုမျက်ရည်ကျအောင်လုပ်တဲ့အောက်တန်းစားကို Gem အနေနဲ့သက်ညှာပေးစရာဘာအကြောင်းမှမရှိပေ......

Gem message ဝင်လာတဲ့ phone ကိုလှမ်းယူပြီး Fourth မနိုးစေရန်သတိထားကာ ဝရံတာကိုထွက်လာလိုက်သည်။

ခွင့်Where stories live. Discover now