ခွင့် (၁၀)

1.4K 120 2
                                    

"ဟယ်လို Fourth ထွက်ခဲ့တော့နော် ကျွန်တော်ကားပါကင်မှာရောက်နေပြီ"

"ငါထွက်လာနေပြီ Gem ရောက်တော့မယ်"

"အိုကေ Fourth ဒါဆိုခဏနေတွေ့မယ်နော်"

"ခဏနေတွေ့မယ် Gem"

Gem ဖုန်းချပြီးနောက် ကားကိုမှီကာမတ်တပ်ရပ်ရင်း Fourth ကိုစောင့်နေလိုက်သည်။ ကားထဲမှာထိုင်နေရင် Fourth ရှာမတွေ့မှာစိုးတာကြောင့် ကားအပြင်မှာထွက်စောင့်နေခြင်းဖြစ်သည်။ Fourth ရဲ့ကားလေး ပါကင်ထဲကိုဝင်ရောက်လာချိန်မှာတော့ Gem က Fourth မြင်အောင်လက်ကိုဝှေ့ယမ်းပြလေသည်။ Gem ကိုမြင်သွားတဲ့ Fourth က Gem အနားထိမောင်းလာပြီး Gem ကားဘေးမှာ ပါကင်ထိုးလိုက်သည်။

"စောင့်နေတာကြာပြီလား Gem"

Fourth ကကားထဲကထွက်လာရင်းမေးတော့ Gem ကပြုံးလိုက်ကာ

"မကြာသေးပါဘူး ကျွန်တော်စောနလေးကမှရောက်တာ
တခြားသူတွေနဲ့က သူငယ်ချင်းတစ်ယောက်ရဲ့အဆောင်နားက ပန်းခြံမှာဆုံကြမှာ
ကျွန်တော်က Fourth နဲ့အတူတူသွားရအောင်လို့ တမင်ဆေးရုံမှာချိန်းလိုက်တာ"

"အော်.....အဲလိုလား
အဲ့ဒါဆို Gem ငါ့ကားနဲ့လိုက်ခဲ့လေ အပြန်ကြတော့ ငါက Gem ကိုဆေးရုံကိုပြန်ပို့ပေးမယ် အဆင်ပြေလား"

"ပြေတာပေါ့ သွားရအောင် ကျွန်တော်နေရာပြောပြပေးမယ်"

"အိုကေ"

ထို့နောက်မှာတော့ Fourth ရဲ့ကားလေးဟာ လမ်းမပေါ်သိုတစ်ခေါက်ပြန်ဦးတည်မောင်းထွက်ခဲ့လေတော့သည်။

@@@@@@@@@

ချိန်းထားတဲ့နေရာကိုအားလုံးကရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာကြသည်။ လူစုံတဲ့အချိန်မှာတော့ Gem က

"အားလုံးပဲ
ငါမိတ်ဆက်ပေးချင်လို့
ဒါကငါ့ရဲ့သူငယ်ချင်းပါ Fourth Natawat လို့ခေါ်တယ် Fourth လို့လည်းခေါ်လို့ရတယ်
Fourth ကနိုင်ငံခြားမှာကျောင်းသွားတက်ပြီးပြန်လာတော့အလုပ်တစ်ခါထဲတန်းဝင်ဖြစ်တာမို့လို့ အပေါင်းအသင်းသိပ်မထားဖြစ်ဖူးရယ်
အဲ့ဒါကြောင့်ငါ့ကိုခင်သလို Fourth ကိုလည်းခင်ပေးကြပါလို့တောင်းဆိုပါတယ်"

Gem ရဲ့စကားအဆုံးမှာ Fourth ကလက်အုပ်လေးချီရင်း ခါးညွတ်ကာ

"မင်္ဂလာပါခင်ဗျ Fourth Natawat ပါ Gem လိုပဲအကုန်လုံးနဲ့ရင်းနှီးချင်ပါတယ်ခင်ဗျ"

ခွင့်Where stories live. Discover now