ခွင့် (၆)

1.4K 126 5
                                    


တစ်လျှောက်လုံးဆွဲလာတဲ့လက်ကိုရုန်းချင်ပေမယ့် လက်ကောက်ဝတ်မှာစည်းထားတဲ့ပတ်တီးကြောင့် Gem မရုန်းဖြစ်ခဲ့ပေ.....
ကားပါကင်ရောက်တဲ့အထိ Fourth နောက်ကနေတန်းလန်း တန်းလန်းနဲ့ပါလာခဲ့ရသည်.....

မနေ့ကတော့ ပြန်တွေ့ရင်နှုတ်မဆက်နဲ့ ဘာညာနဲ့ကိုယ့်ဘာသာလေတစ်လုံးမိုးတစ်လုံး‌တွေလျှောက်ပြောခဲ့ပြီး ဒီနေ့ပြန်တွေ့တော့အရင်သွားပတ်သတ်မိတာကိုယ်ကိုယ်တိုင်မို့လို့ Gem မျက်နှာတော့ပူမိပါသည်....

"Fourth.... Fourth....ခဏလောက်လွှတ်ပါအုံး...."

Fourth ကလက်ကိုလွှတ်ပေးပြီး ပြော ဆိုတဲ့သဘောနဲ့မျက်ခုံးတစ်ဖက်ကိုပင့်ပြသည်.....

"ဟိုဟာ....ကူညီပေးလို့ကျေးဇူးတင်ပါတယ်.....
ပြီးတော့.....မနေ့က ကျွန်တော်ကစကားကြီးစကားကျယ်တွေပြောထားပြီးတော့ ဒီနေ့ကျွန်တော်ကိုယ်တိုင် Fourth ကိုလာရှုပ်မိတဲ့အတွက်မျက်နှာလည်းပူမိပါတယ်.....
Fourth ကိုညာပြောရအောင်လုပ်မိတဲ့အတွက်လည်း..."

"ညစာလိုက်ကျွေး"

"အမ်"

"ဟုတ်တယ် ဒီနေ့တစ်နေလုံးအလုပ်တွေရှုပ်နေလို့နေလယ်စာတောင်မစားရသေးဘူး အခုဗိုက်အရမ်းဆာနေလို့ ကျေးဇူးတင်တယ်ဆိုရင် ညစာလိုက်ကျွေးလို့ရမလား...?"

"အာ...ရပါတယ် အဲ့ဒါဆိုကျွန်တော်လည်းတစ်ခါထဲစားလိုက်တော့မယ်
Fourth စားနေကျဆိုင်ရှိလားခင်‌ဗျ ကျွန်တော်က‌တော့ဘာမဆိုကောင်းကောင်းစားတယ်"

" အဲ့လိုမျိုးမရှိပါဘူး အဆင်ပြေတဲ့ဆိုင်ပဲသွားလိုက်ပါ ရပါတယ်"

"ဒါဆို Fourth ကျွန်တော့်ကားနောက်ကနေလိုက်ခဲ့လေကျွန်တော်အရှေ့ကလမ်းပြပေးမယ်"

"အဲ့ဒါကလေ...
အတူလာတဲ့သူက သူလဲဗိုက်အရမ်းဆာနေပြီမို့လို့ အရင်ပြန်နှင့်တယ်
ကားလည်းယူသွားတယ် အဲ့ဒါကြောင့် ငါက Gem ကားနဲ့လိုက်မှအဆင်ပြေမယ်ထင်တယ်...."

Gem စိတ်ထဲနဲနဲတော့မတင်မကျဖြစ်သွားသည်
မနေ့ကမှတွေ့ဖူးပြီး စကားလေးတစ်ခါနှစ်ခါပဲပြောဖူးတဲ့သူကို အခုကားပေါ်ပေးစီးဖို့ကျ‌နဲနဲ အယုံကြည်လွယ်ရာကျပေမည်
ပေးမစီးပြန်ရင်လည်း အကူညီပေးထားတဲ့သူအပေါ်ရိုင်းရာကျမည်

ခွင့်Where stories live. Discover now