ခွင့် (၁၂)

1.3K 142 26
                                    

အားရပါးရငိုရှိုက်ပြီး‌တဲ့နောက်မှာ Fourth ဟာစိတ်အခြေအနေပြန်လည်တည်ငြိမ်သွားပြီဖြစ်သည်။ ရင်ခွင်ထဲကနေလူးလွန့်တိုးထွက်လာတာကြောင့် ဖြေလျော့ပေးလိုက်ရပေမယ့် Gem မျက်ဝန်းတွေကတော့ Fourth ကိုစိုးရိမ်တကြီးအကဲခတ်နေဆဲ။
Fourth က Gem ရင်ခွင်ထဲကထွက်ပြီး ကားတခါးကိုမှီကာ အပြင်ကိုငေးကြည့်ရင်းတိုးတိုးဖွဖွပြောလာသည်က

"ငါ မြစ်ဘေးမှာဆေးလိပ်သောက်ချင်တယ် Gem လိုက်ပို့ပေးပါ...."

"လိုက်ပို့ပေးမှာပေ့ါ.....
Fourth အရှေ့မှာကျွန်‌တော်နဲ့အတူတူထိုင်ချင်လား ဒီမှာပဲထိုင်မလား"

"Gem နဲ့ထိုင်မယ်"

"အိုကေ"

Gem က Fourth အတွက်တံခါးဖွင့်ပေးပြီး lover seat မှာထိုင်စေသည်။
သူကိုယ်တိုင်ကတော့ driver seat မှာဝင်ထိုင်လိုက်သည်။ ခါးပတ်မပတ်ပဲ မျက်လွှာချကာငူငူလေးထိုင်နေတဲ့ Fourth ကြောင့် Gem ကပဲခါးပတ်လှမ်းပတ်ပေးရသည်။
မကြာသေးခင်ကမှသည်းသည်းထန်ထန်ငိုရှိုက်ထားတာ‌ကြောင့် ဖောင်းအစ်နေတဲ့ မျက်ခွံလေးက Gem ရဲ့နှာတံချွန်ချွန်လေးနဲ့ ခလုတ်တိုက်မိမတက်။
အ‌ခြေအနေအချိန်အခါကိုမသိတတ်တဲ့ရင်ခုန်သံကြောင့် Gem သက်ပျင်းသာခပ်ကြိတ်ကြိတ်ချရင်း ကားကိုမောင်းထွက်လိုက်သည်။

aircon ပိတ်ပြီးကားမှန်ကိုချထားတာကြောင့် ကားတံခါးဘောင်ပေါ်ကိုလက်တင်ကာအပြင်ကိုငေးကြည့်နေတဲ့ Fourth ရဲ့ဆံပင်တွေက လေမှာမျောပါနေလျက်။
Gem က Fourth အနှောက်အယှက်ဖြစ်မှာစိုးလို့တိတ်တဆိတ်သာမောင်းလာခဲ့လိုက်သည်။

ကျောက်ဖရားမြစ်ဘေးက ကားလမ်းအတိုင်းမောင်းလာခဲ့လိုက်ပြီး လူရှင်းတဲ့နေရာမှာကားကိုရပ်လိုက်သည်။

"ရောက်ပြီ Fourth "

Gem စကားကို Fourth ကခေါင်းညိတ်တုန့်ပြန်လိုက်ပြီး ဆေးလိပ်ဘူးနဲ့ မီးခြစ်ကိုယူကာ ကားပေါ်ကဆင်းသွားသည်။
Gem လဲ Fourth နောက်ကနေဘာစကားမှမဆိုပဲလိုက်လာခဲ့လိုက်သည်။
ကားလမ်း‌ဘေးမှာ ခပ်ကျယ်ကျယ်နေရာယူထားတဲ့လူသွားစင်္ကြံ ရှိပြီး ထိုစင်္ကြံပေါ်မှာသစ်သားထိုင်ခုံတန်းလေးတွေကလည်းစီစီရီရီ။

ခွင့်Where stories live. Discover now