ခွင့် (၉) PondPhuwin

1.5K 105 8
                                    

Taking back to 2018
.
.
.
ခရစ်စမတ်အကြိုနေ့မို့လို့တစ်လမ်းလုံးမှာ ရင်ဆို့လောက်အမြင့်ရှိတဲ့ခရစ်စမတ်သစ်ပင်လေးတွေကို မီးရောင်စုံလေးတွေ၊ ငွေရောင်ဘောလုံးအသေးလေးတွေ၊ ခြေအိတ်သေးသေးလေးတွေ၊ ကြယ်လေးတွေနဲ့ချိတ်ဆွဲအလှဆင်ထားသည်......
လမဘေးဝဲယာတစ်ဖက်တစ်ချက်စီကြည့်လိုက်ရင်လည်း အိမ်တိုင်းဆိုင်တိုင်းမှာ ခရစ်စမတ်ရဲ့အငွေ့အသက်တွေလွမ်းခြုံထားတာမျက်စိတဆုံးပင်.....
နှင်းတဖွဲဖွဲကျနေတဲ့ UK ဆောင်းဟာ လေတစ်ချက်ဝှေ့လိုက်တာနဲ့စိမ့်နေအောင်အေးပေမယ့်လည်း လမ်းမတွေပေါ်မှာတော့ တစ်ယောက်လက်တစ်ယောက်တွဲကာ ရယ်မော‌ပျော်ရွှင်နေကြတဲ့ချစ်သူစုံတွဲတွေ၊ ဖြတ်သွားဖြတ်လာကောင်မလေးတွေကိုစနောက်နေတဲ့လူငယ်ကောင်လေးတွေ၊ အပြုံးကိုစီနဲ့သွားလာနေကြတဲ့မိသားစုတွေအပြည့်ပင်ဖြစ်သည်.......

စာကြည့်တိုက်ဝင်နေတာကြောင့် ဒီနေ့အိမ်ပြန်ချိန်ဟာပုံမှန်နေ့တွေထက်နောက်ကျ‌‌ နေပေမယ့်မြန်မြန်ပြန်ရောက်ဖို့မလောမိပေ......
ဒီလိုနေ့မျိုးကို ဆီးကြိုထွေးပွေ့မယ့်သူမရှိတဲ့အိမ်ထဲမှာတစ်ယောက်ထဲဖြတ်သန်းရတာဟာသိပ်ကိုအထီးကျန်စရာကောင်းသည်ဟု Phuwin ထင်မိပါသည်....
ခရစ်စမတ်တိုင်းကို မိသားစုနဲ့ ဆေးရုံကအပေါင်းအသင်းမိတ်ဆွေတွေနဲ့ သိပ်ချစ်ရတဲ့အစ်ကိုနဲ့ သိုက်သိုက်ဝန်းဝန်းဖြတ်သန်းနေကျ Phuwin အတွက် ပထမဆုံးသောတစ်ကိုယ်တော် ခရစ်စမတ်အကြိုညဟာ ထင်ထားတာထက်ပိုပြီးစိမ်းသက်အေးစက်သည်..... နှင်းဖတ်တွေဖုံးအုပ်တင်ကျန်နေတဲ့ခေါင်းမိုးစွန်းတွေ သစ်ပင်ထိပ်ဖျားတွေကိုကြည့်ပြီး ပူနွေးတဲ့ဒေသကချစ်‌ရတဲ့သူတွေကိုလွမ်းတဲ့စိတ်ဟာရင်ထဲကိနှင်းဖတ်တွေလိုတမွမွကျဆင်းလာရင်းက တစ်စတစ်စပိုမိုသိပ်သည်းလာတာမို့ အလွမ်းပိပြီးလူက အရှူနိုင်မကယ်နိုင်တော့ချေ.......
မနက်စာဝယ်စားနေကျပေါင်းမုန့်ဆိုင်ရှေ့ရောက်တော့ ဆိုင်ပိုင်ရှင်အသက်‌ ခြောက်ဆယ်အရွယ် စပိန်အမျိုးသမီးကြီး Emily ကလူကိုအပြေးလေးလာနှုတ်ဆတ်ရှာ၏.....
Emily ရဲ့ရွှေရောင်ဆံနွယ်အခွေအလိမ်တွေက မေမေ့ကိုလွမ်မိစေပြန်သည်......

" Phu Phu hold on... please hold on"
(ဖူးဖူး ခဏလောက်နေပါအုံး)

ဆိုင်ထဲကနေလှမ်းအော်တာကြောင့် Phuwin ကအပြုံးလေးနှင့်ရပ်စောင့်နေလိုက်သည်...... Emily က လက်တစ်ဝါးသာသာခန့်ကတ္ထူဘူးလေးကိုကိုင်ပြီးသွက်သွက်လတ်လတ်ပင် Phuwin စီကိုလျှောက်လာသည်........
မိသားစုတွေစုံတုန်းမို့ထင်ပါရဲ့ အပြုံးလေးတွေကတောက်ပနေတာချစ်စရာ......

ခွင့်Where stories live. Discover now