ခွင့် (၂၅)

1.2K 123 46
                                    

နှုတ်ခမ်းလေးကိုထပ်တလဲလဲနမ်းရှိုက်ရင်း အပေါ်ကနေတဖြေးဖြေးအုပ်မိုးလာတဲ့ Gem ကြောင့် Fourth ရဲ့ကျောပြင်လေးဟာ မွေ့ယာနဲ့တစ်သားထဲထိကပ်လျှက်သား........

တစ်မျက်နှာလုံး အကြားအလပ်မရှိအနမ်းမိုးတွေရွာနေတဲ့ချစ်ရသူကြောင့် Fourth မှာအသက်ပင်ရှူလို့မဝတော့.......

အနမ်းနွေးနွေးတွေက မျက်နှာမှတစ်ဆင့်လည်တိုင်အထိကူးဆက်ရောက်ရှိလာချိန်မှာတော့
ဝမ်းနည်းသိမ်ငယ်သလိုခံစားချက်ကြီးက Fourth တစ်ကိုယ်လုံးကို ရုတ်ချည်းဆိုသလိုတစိမ့်စိမ့်ဖြန့်ကျတ်လွှမ်းခြုံလာလေတော့သည်....

ဘယ်လိုကြီးလဲ
ဘာ်လိုခံစားချက်ကြီးလဲ......

တစ်ခုခုကိုလက်လွှတ်ဆုံးရှုံးလိုက်ရသလိုမျိုး......

ပြန်ပြင်လို့မရတဲ့အမှားတစ်ခုကိုကျူးလွန်မိထားသလိုမျိုး.....

ရင်ဘက်ထဲမှာ ကြီးကြီးမားမားအရာတစ်ခုလစ်ဟာသွားသလိုမျိုး......

ဆိုးဆိုးရွားရွားနဲ့ လျှင်လျှင်မြန်မြန်ပြည့်ကျပ်လာတဲ့ မထွေးနိုင် မအန်နိုင်ခံစားချက်ကြောင့်မျက်ဝန်းတွေဝေးဝါးလာကာ နောက်တစ်ကြိမ်ထပ်မံငိုချင်လာပြန်တော့သည်.....

ရူးတော့မည်....

လည်တိုင်အစပ်ကို မျက်နှာအပ်ရင်းအလုပ်တွေများနေတဲ့ Gem အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့ Fourth မျက်နှာကိုမော့ကာ လက်ဖမိုးကိုအသားကုန်ကိုက်ရင်း ထိန်းချုပ်ထားပေမယ့်
အခြေအနေက တစ်စတစ်စပိုပိုပြင်းထန်လာပြီး စိတ်တွေရှုပ်ထွေးနောက်ကျိလာကာ ငိုချင်လာသည်မှာတားလို့မရ.....

"အင့်..."

ထိန်းချုပ်ထားတဲ့ကြားက သဲ့သဲ့ထွက်လာတဲ့ရှိုက်သံတိုးတိုးလေးကြောင့် Gem ရဲ့လှုပ်ရှားမှုတွေအကုန်ရပ်တန့်သွားပြီး Fourth ကိုစိုးရိမ်ပူပန်စွာမော့ကြည့်လာလေသည်။

"အချစ်"

ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်အလိုက်လိုက်မှု၊ စိုးရိမ်ပူပန်ခြင်းတွေရောပြွမ်းနေတဲ့ Fourth အတွက်သီးသန့်ဖြစ်တည်‌လာတဲ့ခေါ်သံနွေးနွေးလေးကိုအကြားမှာ Fourth ရဲ့ထိန်းချုပ်ထားသမျှအကြောက်တရားနဲ့စိတ်မလုံခြုံမှုတံခါးချပ်တွေ တဝုန်းဝုန်းပွင့်ထွက်လာလေတော့သည်...။

ခွင့်Where stories live. Discover now