ခွင့်(၄)

1.4K 137 6
                                    

Gem ရေမိုးချိုးပြင်ဆင်ပြီးချိန်မှာတော့ အချိန်က‌ညနေလေးနာရီထိုးပြီဖြစ်သည်
Gem ရဲ့ဖေဖေလည်းအလုပ်စောစောဆင်းတာကြောင့်ပြန်ရောက်နေလေပြီ
မွေးနေ့ပြင်ဆင်တာနဲ့ပတ်သတ်ပြီးတစ်နေကုန်အလုပ်ရှုပ်နေတဲ့ ကိုကြီးကတော့မ‌ကြာသေးမီကမှ ရေချိုးရန် အပေါ်သို့တက်သွားပြီဖြစ်၏

ကိုကြီး ရဲ့ဖေဖေနဲ့ Gem တို့ရဲ့ဖေဖေက သူငယ်ချင်းအရင်းတွေဖြစ်တာကြောင့် Gem တို့ညီအစ်ကိုတွေမမွေးခင်ကပင် ကိုကြီး က အိမ်ကိုအဝင်အထွက်ရှိသူဖြစ်သည်
ကိုကို မွေးလာတော့လဲ ကိုကြီး ကအရိပ်တကြည့်ကြည့်စောင့်ရှောက်ပေးခဲ့ပြီး Gem ကိုလဲညီအရင်းလိုချစ်ပေး ဂရုစိုက်ပေးတာကြောင့် Gem အတွက် ကိုကြီး ကအစ်ကိုအရင်းတစ်ယောက်နဲ့မခြားပေ

မွေးနေ့က ညနေ‌ခြောက်နာရီမှ စမှာဖြစ်လို့ နဲနဲတော့စောနေသေးတယ်ဆိုရမည်

အကုန်လုံးပြင်ဆင်ပြီးပြီမလို့ Gem အခန်းထဲမှာလဲမနေချင်တော့တာကြောင့် အောက်ထပ်ကိုသာဆင်းရန်ဆုံးဖြတ်လိုက်သည်......
အောက်ထပ်ကိုရောက်လာတော့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ဖေဖေရယ် မေ‌မေရယ် ကိုကို ရယ် သုံးယောက်ခေါင်းချင်းဆိုင်ကာထိုင်နေကြ၏

" ဘာတွေလုပ်နေကြတာလဲခင်ဗျ"

Gem ကပြောပြီးဆိုဖာ ပေါ်မထိုင်ပဲ ကိုကို့ ဘေးကကြမ်းပြင်ပေါ်ပဲမှာထိုင်လိုက်သည်....
ဖေဖေက Gem ကိုပြုံးပြရင်းခပ်တိုးတိုးပြန်ဖြေပေး၏

"သားတို့ငယ်ငယ်ကပုံတွေကြည့်နေတာ....."

စားပွဲပေါ်မှာ မိသားစုအမှတ်တရ ဓာတ်ပုံ အယ်ဘမ်ရှိနေပြီး ထိုအယ်ဘမ်ထဲမှာ ကိုကို နဲ့ Gem တို့ရဲ့ငယ်ငယ်ကပုံတွေအပြည့်ပင်ဖြစ်သည်
Gem လဲမိသားစုနဲ့အတူတူဓာတ်ပုံလေးတွေပြန်ကြည့်နေလိုက်တော့သည်......

ကိုကို က မွေးကတည်းကတစ်ခုခုကိုသင်ယူဖို့တက်ကြွသူဖြစ်မှန်းသိသာစွာပင်
ဘယ်ပုံကိုကြည့်ကြည့်မျက်လုံး‌ လေးတွေကကြည်ကြည်တောက်တောက်စူးစူးရှရှလေး.....

ဘာပဲလုပ်လုပ်အာရုံစူးစိုက်စွာလုပ်တတ်တာကြောင့်လည်း
သူစိတ်ဝင်စားသမျှအရာရာတိုင်းကို ကျွမ်းကျွမ်းကျင်ကျင်မတတ်‌မြောက်ဘူးဆိုတာမရှိပေ....
ဆုရလို့ရိုက်ထားတဲ့ပုံတွေလဲမနဲမနောပင်.....

ခွင့်Where stories live. Discover now