စိတ်ဆင်းရဲတယ်
စိတ်ပင်ပန်းတယ်
စိတ်မလုံခြုံဘူး.......အခုတလော နေ့ရက်တိုင်းဟာ ဒီခံစားချက်တွေနဲ့သာပြည့်နေတာမလို့ Phet အတွက် အသက်ရှင်နေရတာ အကျဉ်းကျနေသလိုပင်......
CEO ရာထူးကထုတ်ပယ်ခံလိုက်ရတဲ့အပြင် လက်ရှိ CEO ကပါ လုပ်ငန်းခွင်ပေါ့လျော့မှု မတော်တဆအသက်ဆုံးရှုံးစေမှုနဲ့တရားစွဲထားသေးသည်ဖြစ်ရာ Phet မှာပြည်ပထွက်သွားချင်တာတောင်မှ ခရီးထွက်ခွင့်ပိတ်ခံထားရ၍ဘယ်ကိုမှသွားလို့မရ......
ဒီကြားထဲ Gemini Norawit ကိုကားနဲ့တိုက်သက်ခိုင်းထားတဲ့ကိစ္စကမအောင်မြင်တဲ့အပြင် ကားသမားကပါပျောက်နေတာကြောင့် Phet မှာတစ်ပူပေါ်တစ်ပူဆင့်ပြီး နေလို့ထိုင်လို့မရ.......ဒီကားသမားသာ Titicharoenrak မျိုးရိုးရဲ့လက်ထဲရောက်သွားလို့ကတော့ Phet Tinaphont Chapthalom ရဲ့ဘဝဟာ အဖတ်ဆည်စရာမကျန်အောင်ရေဆုန်မျောရပေတော့မည်.....
အခုဆို ဘယ်အချိန်များ Phet ကိုလက်ထိပ်လာခတ်မလဲဆိုတာတွေးကြောက်နေရတာမို့ ညဘက်တွေဆိုသိပ်တောင်မအိပ်ဖြစ်တော့ပေ......
တစ်ချိန်လုံးတရားရုံးကဆင့်ခေါ်တဲ့ရုံးချိန်းတွေသွားလိုက် ရှေ့နေနဲ့သွားတွေ့လိုက် ပြီးတော့ Kyan ရဲ့ bar အပေါ်ထပ်မှာရှိတဲ့ဒီအခန်းလေးထဲပြန်လာလိုက် နဲ့လုံးလည်ပတ်ချာလိုက်နေရသည်မို့ လူကရူးချင်ချင်ပင်ဖြစ်နေလေပြီ......
"လျော.....ဒေါက်.......လျော.....ဒေါက်.......လျော......ဒေါက်......လျော.....ဒေါက်"
ကော်ရစ်ဒါအတိုင်းနင်းလျှောက်လာတဲ့ ခြေသံခပ်လေးလေးကြောင့် Phet ကြက်သီးတွေတဖျန်းဖျန်းထလာသည်....
Kyan ထောင်ကျသွားကတည်းက ပိတ်ထားခဲ့တာမို့ ဧည့်သည်မလာတာအတော်ကြာပြီဖြစ်တဲ့ဒီ bar မှာလူနဲ့တူတာဆိုလို့ Phet တစ်ယောက်သာရှိသည်.....
အတွင်းကျကျရင်းနှီတဲ့လူအချို့ကလွဲရင်ဒီအခန်းမှာ Phet လာနေတယ်ဆိုတာဘယ်သူမှမသိ......"လျော.....ဒေါက်"
တစ်စုံတစ်ရာကို တရွတ်တိုက်ဆွဲလာသံနဲ့အတူခပ်မှန်မှန် ခပ်လေးလေးထွက်ပေါ်နေတဲ့ခြေသံက Phet ရဲ့အခန်းဝမှာရပ်တန့်သွားသည်......
"ဒေါက်.......ဒေါက်.....ဒေါက်"
ထို့နောက်တစ်ဆက်ထဲပေါ်ထွက်လာတဲ့တံခါးခေါက်သံ......
YOU ARE READING
ခွင့်
RandomGemini..... ချစ်ပေးတာရော ဂရုစိုက်တာရော လွမ်းတာရော သဝန်တိုတာရော ကျွန်တော်ကပဲလုပ်ပါ့မယ် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်ပြုပေးပါ Fourth....... Fourth..... Gem ကအရမ်းပြီးပြည့်စုံလွန်းတယ် ပြီးပြည့်စုံလွန်းလို့ငါ့မှာဖမ်းဆုပ်ထားလိုက်မိမှာကိုကြောက်မိတဲ...