ခွင့် (၃၆) ❗❗❗

2.4K 119 22
                                    

အစက ညစာအတူစားပြီး condo ပြန်ဖို့စီစဉ်ထားပေမယ့် တစ်အိမ်သားလုံးကဝိုင်းဆွဲထားတာကြောင့် Gem အိမ်မှာပဲညအိပ်ဖို့ဖြစ်လာခဲ့တဲ့ Fourth ဟာအခုတော့ဧည့်ခန်းထဲကဆိုဖာပေါ်မှာ မေမေတို့ ကိုကိုတို့ နဲ့အဖွဲ့ကျနေလေရဲ့.....

Gem ကတစ်ဖက် ဖေဖေနဲ့ ကိုကြီးကတစ်ဖက် စားပွဲတစ်ခြမ်းကဆိုဖာမှာထိုင်ကာ chess ထိုးနေရင်း
မေမေ့ရှေ့မှာပုံ့ပုံ့လေးထိုင်ပြီး Gem ငယ်ငယ်က ဓာတ်ပုံတွေကြည့်ကာ မေမေ့ကိုတစ်ခုပြီးတစ်ခုစပ်စုနေတဲ့ ကောင်လေးကိုကြည့်ရင်းခပ်ဖွဖွပြုံးနေမိတော့သည်.....

Gem မှာ ဒီအပူပင်ကင်းစင်‌နေတဲ့ မျက်နှာဝင်းဝင်းလေးကို ကြည့်ရတာဝ တယ်ရယ်လို့ကိုမရှိ......

Gemini Norawit တို့ Fourth Natawat လေးစီမှာ ပက်ပက်စက်စက် ကျေကျေနပ်နပ်ကိုကျရှူံးမိနေတာများ ကမ်းမမြင်လမ်းမမြင်......

ဘာတွေကိုသဘောကျ‌ နေသလဲမသိ........

သားမိသုံးယောက်စီကတစ်ချက်တစ်ချက်ထွက်ပေါ်လာတဲ့ ရယ်မောသံလေးတွေက ဖေဖေနဲ့ ကိုကြီးကိုရော Gem ကိုပါစိတ်ကြည်နူးချမ်းမြေ့စေလေသည်မို့ သားအဖသုံးယောက်သား နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိကြသည်မှာအခါခါပင်.....

"Phi တို့နှစ်ယောက်လုံးပန်းချီဆွဲတတ်တာပေါ့"

အသံစူးစူးလေးက Gem ရဲ့အာရုံကိုဖမ်းစားလိုက်ပြန်သည်.....

ရေမိုးချိုးပြီး Gem ရဲ့ pajamas မတော်‌တရော်ကို ဝတ်ဆင်ထားတာမို့ နီနီရဲရဲခြေဖျားလက်ဖျားလေးတွေသာ အစွန်းထွက်နေတဲ့ကောင်လေးက သိလိုစိတ်ကြောင့်မျက်ဝန်းလေးတွေဆိုတာ တလဲ့လဲ့တောက်ပလို့နေလေသည်......

"ဟုတ်တယ် Nong ရဲ့
Phi ကရှူခင်းပုံဆွဲရတာကြိုက်တယ်
အငယ်ကကျလူပုံဆွဲတာအားသန်တာ
ဒီပုံက မေမေ့မွေးနေ့တုန်းက အငယ်ဆွဲပေးထားတာပေါ့"

"တကယ်ကြီးလား......ကျွန်တော်က ပန်းချီဆရာကိုအပ်ထားတဲ့ပုံထင်တာ"

"သားငယ် အခန်းမှာလည်း ပုံတူအကြီးကြီးတစ်ချပ်ရေးထားတာရှိသေးတယ်လေ သားလေးမတွေ့ခဲ့ဘူးလား"

"ဟင့်အင်း....သားမတွေ့ခဲ့ဘူးမေမေ"

ပါးစပ်ဟောင်းလောင်းလေးနဲ့ မျက်ဝန်းလေးတွေဝိုင်းစက်ကာ တအံတဩစကားဆိုလာပုံလေးကို အသဲယားလွန်းလို့ Gem မှာအကြည့်ပင်မလွှဲနိုင်တော့.......

ခွင့်Where stories live. Discover now