ခွင့် (၁၁)

1.3K 155 28
                                    

ကလေးတွေနဲ့ တနေကုန်အတူတူဆော့ကစားအဖော်ပြုပြီးသည့်အပြင် ညစာအတွက်ကူညီချက်ပြုတ်‌ပေးကာ ပြန်ရန်နှုတ်ဆက်စကားဆိုချိန်ဟာ ညနေခြောက်နာရီဖြစ်သည်။ ကလေးတွေနဲ့ကစားလိုက် အလုပ်လုပ်ကူလိုက်နဲ့ အချိန်ဟာဘယ်လိုကုန်လို့ကုန်သွားမှန်းပင်မသိလိုက်။ နေ့လယ်ကနေ ညနေအထိ ဆက်တိုက်လှုပ်ရှားသွားလာနေရပေမယ့် ကိုယ်ရောစိတ်ပါပေါ့ပါး သွက်လက်‌ပြီးအားအင်အပြည့်ဖြစ်နေသည်ဟု Fourth ခံစားမိသည်။
ပြန်ခါနီး ပွေ့ဖက်နှုတ်ဆက်ကြတော့ Nira လေးက Fourth လည်တိုင်ကိုတင်းတင်းဖက်တွယ်ကာ

"တိုတို နောက်ကျရင်လည်းလာခဲ့ပါနော် Nira စောင့်နေမယ်"

"လာခဲ့မှာပေါ့
Nira လေးကလိမ်လိမ်မာမာနဲ့ ဖာသာတို့ စစ်စတာတို့စကားကိုနားထောင်ပြီး ကိုကိုတို့ကိုစောင့်နေနော်"

"ဟုတ်ကဲ့"

"လိမ္မာလိုက်တာ Nira လေးက"

Fourth က Nira ရဲ့ပါးလေးကိုဖွဖွလေးဆွဲရင်ချီးကျူးစကားဆိုတော့ Nira လေးက Fourth ရဲ့ပါးကိုသူ့နှုတ်ခမ်းသေးသေးချွန်ချွန်လေးတွေနဲ့ မွ ခနဲ့မြည်အောင်အာဘွားပေးလေသည်။
ကလေးမလေးရဲ့ချစ်စဖွယ်အမူအရာလေးကြောင့် Fourth မှာအပြုံးတွေအတောမသပ်နိုင်။
Nira ရဲ့နဖူးလေးကို Fourth ကအာဘွားပြန်ပေးတော့ သူလေးကသွားသေးသေးလေးတွေပေါ်အောင်ခိုးခိုးခစ်ခစ်ရယ်‌နေသေးသည်။
ခဏအကြာမှာတော့ Nira က ကိုကိုကြီးစီသွားအုံးမယ် ဆိုကာ Fourth လက်ထဲကနေကော့ထိုးဆင်းသွားပြီ Captain စီပြေးသွားသည်။ မြက်ခင်းပေါ်ကိုဒူးတစ်ဖက်ထောက်ထိုင်ကာ Dao ဆိုတဲ့ကလေးမလေးကိုဆံညှပ်ပန်ပေးနေသည့် Captain ရဲ့ကျောပြင်ပေါ်ကို Nira ကအရှိန်နဲ့ပြေးတက်လိုက်တော့ Captain ရဲ့ခန္ဓာကိုယ်ကအရှေ့ကိုငိုက်ကျသွားသည်။

"Owee......Owee....Owee"

ဘေးနားမှာ‌ရှိနေတဲ့ Far နဲ့ ရှေ့တည့်တည့်မှာရှိနေတဲ့ Dao လေးက အာမေဋိတ် မျိုးစုံထွက်ရင်း Captain ကိုဝိုင်းတွန်းထားကြသည်။
ထို့နောက်လေးယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မောနေကြပြန်သည်။

Porm နဲ့ Ford ရဲ့ပတ်ပတ်လည်မှာလည်းကလေးတွေတရုန်းရုန်း။
Ford ရဲ့နှုတ်ခမ်းပေါ်ကမှဲ့လေးကိုထိတွေ့ကြည့်ပြီး "ကိုကိုလှလှ" လို့ပြောနေတဲ့ကလေးလေးလည်းရှိသလို Porm ရဲ့ပါးချိုင့်သေးသေးလေးတွေထဲ လက်ထည့်ကြည့်ပြီးအသဲယားနေတဲ့ကလေးလေးကလည်းရှိသေးသည်။

ခွင့်Where stories live. Discover now