ရင်ခွင်ထဲကိုအတင်းတိုးဝင်ကာ လည်တိုင်ကိုအားကိုးတကြီးဖက်တွယ်ပြီး အော်ဟစ်ငိုယိုလာတဲ့ Fourt ရဲ့ကိုယ်လုံးလေးပြန်လည်ပွေ့ဖက်ထားရင်း Gem လည်းမျက်ရည်မဆည်နိုင်.....။
"ငါညစ်ပတ်နေပြီ Gem.....ငါအရမ်းညစ်ပတ်နေပြီ
အဲ့လိုနဲ့ Gem ငါ့ကိုရွံသွားရင်ဘယ်လိုလုပ်မလဲ.....အင့်....
အဲ့လိုနဲ့ငါ့အနားမှာမနေချင်တော့ရင်ဘယ်လိုလုပ်မလဲ......ဟီး...""မဟုတ်တာ Fourth ရယ်
မညစ်ပတ်ပါဘူး အဲ့လိုမတွေးရဘူးလေ....နော်..... Fourth ကအရမ်းသန့်စင်တယ်
ကျွန်တော့်အတွက်တော့ Fourth ထက်ပိုပြီးသန့်စင်တဲ့သူမရှိတော့ဘူး Fourth ကအသန့်ရှင်းဆုံးပဲ
ပြီးတော့ကျွန်တော် Fourth နားကဘယ်တော့မှထွက်မသွားပါဘူး
Fourth နှင်ထုတ်ရင်တောင်မှပဲ ကျွန်တော်ကမရ ရအောင်တောင်းပန်ပြီးကပ်နေမှာ
Fourth သာကျွန်တော့်ကိုမထားခဲ့ပါနဲ့....""-------"
"ကျွန်တော့်ကိုထပ်ပြီးရှောင်မနေနဲ့တော့နော်
အတူတူဖြေရှင်းကြမယ်
Fourth တစ်ယောက်ထဲမဟုတ်ဘူး Fourth မှာကျွန်တော်ရှိတယ်နော်
မငိုပါနဲ့တော့ Fourth ရယ်"တသိမ့်သိမ့်တုန်နေတဲ့ကျောပြင်လေးကို သိမ်းကျုံးပွေ့ဖက်ထားရင်း အထပ်ထပ်ချော့မြူနေမိသည်။
ဖြူနုနေတဲ့ကိုယ်လုံးလေးပေါ်က သွေးစို့နေတဲ့ပွတ်တိုက်ရာတွေကိုမြင်တော့ အသားနာလို့နာမှန်းမသိလောက်အောင်အကြောက်အကန်ဖြစ်နေရှာတဲ့ Fourth ရဲ့စိတ်ဒဏ်ရာအတိမ်အနက်ကိုတွေးမိပြီး ပြင်းပြင်းပြပြနာကျင်ရသူဟာ Gem ပဲဖြစ်သည်.....
အပျော်ရွှင်စေချင်ဆုံးလူသားလေး ဝမ်းနည်းတုန်လှုပ်စွာငိုကြွေးနေတာကိုမြင်တွေ့ရတာလောက် Gem အတွက်ခံရခက်တာမရှိ....
တစ်ခါတလေအသဲယားလွန်းလို့ကိုက်ပစ်ချင်လာရင်တောင်မှ နာသွားမလားဆိုတဲ့အတွေးနဲ့ ခပ်ဖိဖိနမ်းပစ်ယုံလောက်ပဲနမ်းဖြစ်တဲ့ Gem အတွက်တော့ Fourth ခန္ဓာကိုယ်ပါ်က သွေးစို့နီမြန်းရာတွေက စေ့စေ့ပင်မကြည့်ရက်စရာ.....
စိတ်ရောကိုယ်ပါ ဘယ်လောက်တောင်နာကျင်နေရှာလိမ့်မလဲ
ရင်တွေလည်းပူလှပါပြီ Fourth ရယ်.....
YOU ARE READING
ခွင့်
RandomGemini..... ချစ်ပေးတာရော ဂရုစိုက်တာရော လွမ်းတာရော သဝန်တိုတာရော ကျွန်တော်ကပဲလုပ်ပါ့မယ် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်ပြုပေးပါ Fourth....... Fourth..... Gem ကအရမ်းပြီးပြည့်စုံလွန်းတယ် ပြီးပြည့်စုံလွန်းလို့ငါ့မှာဖမ်းဆုပ်ထားလိုက်မိမှာကိုကြောက်မိတဲ...