ခွင့် (၂၈)

1.4K 126 46
                                    

"အဲ့‌ဒီတော့ အဖိုးရဲ့အရေးတကြီးကိစ္စဆိုတာက နောက်တစ်ပတ်ကုမ္ပဏီနှစ်ပတ်လည်ပွဲမှာ အချစ်နဲ့ အဖိုးရဲ့ပတ်သတ်မှုကို အကုန်လုံးသိအောင်ချပြတော့မယ်ဆိုတာပေါ့ ဟုတ်လား"

Gem ကဖုန်းကိုစားပွဲပေါ်မှာထောင်ထားလိုက်ပြီး ဆံပင်ရေသုတ်နေရင်းက လှမ်းမေးလိုက်တော့ တစ်ဖက်မှာလဲ Fourth က ခုတင်ခေါင်းရင်းကိုကျောမှီထိုင်နေရာကနေ အိပ်ယာပေါ်လှဲချလိုက်ရင်း ပြုံးဖွဖွနဲ့ခါင်းညိတ်အဖြေပေးသည်။

"အင်းပေါ့"

"The Golden Eyes ရဲ့ CEO က Royal Construction group ရဲ့မြေးမှန်းသာလူတွေသိသွားကြရင် အချစ်ကုမ္ပဏီက share တွေဈေးထိုးတက်ကုန်မှာ...
မောင် တော့ အချစ်နဲ့လက်ထပ်ပြီးသွားရင် တစ်သက်လုံးထိုင်စားရုံပဲ
မိုက်တယ်
အခုထက်ပိုချမ်းသာသွားရင် မောင့် ကိုမမေ့နဲ့နော်ကြားလား"

camera ကိုကြည့်ကာ မျက်ခုံးပင့်ပြရင်းပြုံးစိစိနဲ့ပြောလာတဲ့ Gem ကြောင့် Fourth ခပ်တိုးတိုးရယ်မောမိသည်။
ရေချိုးပြီးစ ကြည်ကြည်သန့်သန့်မျက်နှာချောချောက ခါတိုင်းထက်ပိုပြီးလန်းဆန်းနေပုံပေါ်တာကြောင့် စိတ်ကျေနပ်စရာကိစ္စတစ်ခုခုရှိပုံရသည်။
တက်ကြွပြုံးရွှင်နေတဲ့ Gem ရဲ့အကြည်ဓာတ်က Fourth ကိုပါကူးစက်စေတာမို့ Fourth လည်းနေရထိုင်ရတာသက်တောင့်သက်သာရှိလှသည်....

"Royal group မှာအဖိုးပြီးရင် share အများဆုံးပိုင်တဲ့လူကဘယ်သူလဲ
မောင် သာငါ့ကိုတစ်သက်လုံးရှာကျွေးရမှာ
မောင် ဆေးရုံကရတဲ့လစာရော Royal ကရတဲ့ပိုက်ဆံရော ငါ့ကိုအကုန်အပ်ရမယ်နော်
ငါက မောင့် ပိုက်ဆံတွေကုန်အောင်သုံးပစ်မှာ"

"အမလေး.....  မောင့် Fourth Natawat လေးကဈေးကြီးလိုက်တာဗျာ"

အိပ်ယာပေါ်ကိုပစ်လှဲချလိုက်ရင်း ညည်းညူသလိုပြောလာတာကြောင့် Fourth အသံထွက်ကာရယ်မောမိလေတာ့သည်။
ကပ်စီးနဲချင်ယောင်ဆောင်နေတဲ့ ဆရာဝန်ဘောစိလေးက Fourth ကိုအသဲတယားယားဖြစ်စေလေသည်။

"ဖေဖေနဲ့မေမေက အချစ်ကို မြန်မြန်အိမ်ခေါ်လာပါတော့တဲ့
မောင့်မေမေက အချစ်ရဲ့ fan အကြီးစားနော်
သူ့ကော်ဖီတောင်အချစ်နဲ့ကြော်ငြာမယ်တကဲကဲလုပ်နေတာ
မောင့် ကိုလည်း သား Fourth လေးကဘာကြိုက်လဲ ဘယ်လိုမျိုးနေရာတွေသွားရတာကြိုက်လဲ ဘာအရောင်ကြိုက်လဲနဲ့ တစ်ညနေလုံးမမောနိုင်မပမ်းနိုင်မေးနေတာ
ဆယ်ကျော်သက်ကောင်မလေးတွေ idol အကြောင်းစုံစမ်းနေတာကျနေရော....
မေမေကိုတော့တကယ်လက်‌ပါမြှောက်တယ်"

ခွင့်Where stories live. Discover now