ခွင့်(၃၈)

2.7K 142 79
                                    

"အဖေရယ် အစ်ကိုအရင်းခေါက်ခေါက်ရယ် ချွေး‌နဲ့သွေးနဲ့ရင်းနှီးပြီး တည်ဆောက်ထားခဲ့တဲ့ Construction Group တစ်ခုလုံးက share ဈေးတွေထိုးကျပြီး ဒေဝါလီခံရလုနီးပါးဖြစ်နေတာတောင်မှ
ဖအေတူမအေကွဲအစ်ကို ဝရမ်းပြေးကို ပုန်းလျှိုးကွယ်လျှိုးနေနိုင်အောင် ဖုံးဖိပေးထားသေးတဲ့ Khun Rem Tinaphont ရဲ့အတွေးကို ကျွန်တော်ဖြင့်လိုက်မမီဘူးရယ်...."

ပြောချင်ရာပြောပြီး လူကိုပြုံးထေ့ထေ့မျက်နှာထားနဲ့စိုက်ကြည့်နေတဲ့ အမျိုးသားဟာ Rem အရမ်းသဘောကျမြတ်နိုးရတဲ့ ဒေါက်တာ Phuwin Norawit နဲ့အလွန်တရာမှရုပ်ချင်းဆင်လွန်းလှပေမယ့် စရိုက်ချင်းကတော့ လုံးဝတခြားစီ.......

ဆရာဝန် ဖြစ်ကြတာချင်းအတူတူ ဒေါက်တာ Phuwin ကအေးချမ်းချိုသာသလောက် ညီဖြစ်သူဒီအမျိုးသားကတော့ အကြည့်နဲ့တင်တစ်ဖက်သားကို နေရထိုင်ရခက်အောင်အရှိန်အဝါရှိသူဖြစ်လေသည်မို့ Rem မှာ ဒီဒေါက်တာရဲ့မျက်စိအောက်မှာထိုင်နေရတာကိုက သက်တောင့်သက်သာမရှိလှ......

ကိုလတ်ကြောင့်သာသည်းခံပြီးထိုင်နေတာ မဟုတ်ရင် Rem ထပြန်လိုက်တာကြာပြီ......
နေရတာကျောချမ်းစရာကောင်းလိုက်တဲ့ဖြစ်ချင်း....

"ကဲ.....ကျွန်တော်ရှည်ရှည်ဝေးဝေးထပ်မပြောတော့ဘူး
Phet Tinaphont ရဲ့တည်နေရာကိုအမှန်တိုင်းပြောပြဖို့ ကျွန်တော်က Khun Rem Tinaphont ကိုဒါလေးနဲ့ကမ်းလှမ်းပါရစေ
ဒီလောက်ဆိုသဘောတူကောင်းပါရဲ့
Khun Rem လို မျိုးကောင်းရိုးကောင်းပညာတတ်မိန်းမလှလေးက ကျွန်တော်ထင်ထားတာထက်ပိုပြီးထက်ထက်မြတ်မြတ်ရှိလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်"

စကားလုံးတွေကသိမ်မွေ့နေပေမယ့် မျက်ဝန်းတွေကတော့စကားနဲ့ဆန့်ကျင်စွာ အမဲလိုက်တော့မယ့်သားရဲတစ်ကောင်လို စူးစူးရဲရဲတောက်တောက်ပြောင်ပြောင်ရှိလွန်းလှသည်......

Rem မျက်စိရှေ့ထိုးပေးလာတဲ့စာအိတ်အညိုလေးကို မဝံ့မရဲနဲ့ဆွဲယူဖွင့်ဖောက်ကြည့်လိုက်တော့ ဓာတ်ပုံတချို့ထွက်ကျလာလေသည်.....

ပုံတွေက Rem ရဲ့ပုံတွေ.…....ပြည့်ပြည့်စုံစုံထပ်ပြောရမယ်ဆိုရင် Rem တွဲခဲ့ဖူးသမျှကောင်လေးတွေနဲ့ ကိုလတ်ရဲ့ဘားမှာအပြတ်ကဲထားတဲ့ Rem ရဲ့ပုံတွေ.....

You've reached the end of published parts.

⏰ Last updated: Dec 23, 2023 ⏰

Add this story to your Library to get notified about new parts!

ခွင့်Where stories live. Discover now