ခွင့် (၁၈)

1.4K 132 20
                                    


"Cheer!!"

အော်သံကျယ်ကျယ်နဲ့ ဖန်ခွက်အချင်းချင်းထိခတ်သံကတစ်ချိန်ထဲမှာပဲအတူတူထွက်ပေါ်လာသည်။
Fourth က Gem နဲ့ Aun အပါအဝင် Satang Ford Winny Captain Far Porm Mark Bible Build တို့ကိုညစာလိုက်ကြွေးနေခြင်းပင်ဖြစ်သည်။
The Golden Eyes နဲ့ Hope ရဲ့ပထမဆုံးသော collaboration ကဝက်ဝက်ကွဲ အောင်မြင်သွားတာကြောင့် team တစ်ခုလုံး ရဲ့ပျော်ရွှင်မှုကတကယ့်ကိုအထွတ်အထိပ်။
ကိစ္စကြီးတစ်ခုလုံးကို အောင်အောင်မြင်မြင်သပ်သပ်ရပ်ရပ်ပြီးဆုံးအောင် လုပ်ဆောင်နိုင်ခဲ့တဲ့နောက်မှာတော့ အားလုံးရဲ့စိတ်တွေက ပေါ့ပါးလွတ်လပ်နေကြလေသည်။

"ဒေါင်....ဒေါင်.....ဒေါင်"

Fourth က ဖန်ခွက်ကို ဇွန်းလေးနဲ့ခေါက်လိုက်တော့ အားလုံးရဲ့အာရုံက Fourth စီစုပြုံရောက်ရှိလာသည်။ Fourth ကချောင်းတစ်ချက်ဟန့်လိုက်ရင်း

"ကျွန်တော်ကျေးဇူးတင်ချင်လို့ပါ ကျွန်တော့ရဲ့ product ကိုစေတနာထားပြီး review သေချာလုပ်ပေးတဲ့ Phi Bible... Phi Build .....Phi Mark နဲ့ကျန်တဲ့သူငယ်ချင်းတွေအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်......
ပြီးတော့ ကျွန်တော့်အနားမှာအမြဲတမ်းရှိနေပေးပြီး ကျွန်တော့်ကို စောင့်ရှောက်ပေးတဲ့ Phi Aun အများကြီးကျေးဇူးတင်တယ်နော် ဒီည Phi ကျွန်တော့်ကိုမေ့ပြီး‌စိတ်ကြိုက်ပျော်လိုက်ပါ
နာရီကိုလှလှလေးဝတ်ပြပေးတဲ့ Far အရမ်းကျေးဇူးတင်တယ် Far ရဲ့ image က အမျိုးသမီး customer တွေအပေါ်အရမ်းလွှမ်းမိုးမှုရှိတယ်လို့ sale and marketing ဘက်ကအများကြီးပြန်ကြားရတယ်
Far အတွက် အရမ်းလည်းဂုဏ်ယူပါတယ်
နောက်ဆုံးပြောချင်တာက Gem
အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် Gem "

ဘေးနားမှာ ခြေချိတ်ထိုင်းရင်း Fourth ကိုကြည့်နေတဲ့ Gem ကိုပြန်လည်စိုက်ကြည့်ရင်းပြောလိုက်တော့ Gem ကပြုံးပြုံးလေးနဲ့ခေါင်းညိတ်ပြသည်။

"ကဲ ဒီညတော့စိတ်လွတ်လက်လွတ်ပျော်ကြပါ limit မကျော်မခြင်းအိမ်မပြန်ကြကြေးနော်"

"အိုကေလေ"

Fourth ရဲ့စကားကိုအားလုံးက တက်ညီလက်ညီထောက်ခံလိုက်ကြပြီး အရက်ခွက်ဆွဲတဲ့သူကဆွဲ မိုက်ခဲတဲ့သူကခဲနဲ့ အကုန်အလုပ်ရှုပ်ကုန်ကြသည်။
လွတ်လပ်တက်ကြွတဲ့ လူငယ်တွေရဲ့ညက လတ်လတ်ဆတ်ဆတ်နုနုပျိုပျိုရှိလွန်းလှသည်။

ခွင့်Where stories live. Discover now