28

681 94 0
                                    

Chapter 28

မကြာခင် ဖုယွမ်ချွမ်းက အိတ်တစ်အိတ်နှင့်ပြန်လာသည်။

ကျွင်းချင်ယွီက တစ်ချက်ကြည့်လိုက်၏။ "ဘာတွေလဲ..."

"အဝတ်တွေ..." ဖုယွမ်ချွမ်းက အထုပ်ကိုဖြည်လိုက်သည်။

"လူကြီးဝတ်ကတော့ ကြာဦးမှာဆိုပေမယ့် ဒါလေးတွေကတော့ ရဖို့လွယ်တယ်လေ..."

ကျွင်းချင်ယွီက ဖုယွမ်ချွမ်းလက်ထဲရှိ အဝတ်ပိစိလေးကိုကြည့်လိုက်သည်။

"ခင်ဗျား ပြင်ဆင်ထားတာလား..."

"မင်း အသုံးလိုမယ်ထင်လို့..."

ဖုယွမ်ချွမ်းက ကျွင်းချင်ယွီလူသားပုံစံပြောင်းလျှင် ဝတ်ရန်အဝတ်အစားရှာရင်း ရေသူလေးဆိုဒ်ကိုပါ မှာခဲ့ခြင်းဖြစ်၏။

ရေသူလေးက သူ့လက်ပေါ်၌အိပ်နေကျဖြစ်ရာ ဆိုဒ်ခန့်မှန်းဖို့သိပ်မခက်ချေ။

"စမ်းဝတ်ကြည့်ပါဦး..."

"ကောင်းပြီလေ...." ကျွင်းချင်ယွီက အဝတ်များကိုသယ်သွားလိုက်သည်။

ဖုယွမ်ချွမ်းက တစ်ဖက်သို့လှည့်ပေးထား၏။

အဝတ်အားလုံးမှာ အနေတော်ပင်ဖြစ်သည်။

ကျွင်းချင်ယွီက အမြှီးနှင့်နေနေကျဖြစ်ရာ ဘောင်းဘီဝတ်ရသည်ကို ချက်ချင်းအသားမကျပဲဖြစ်နေသည်။ သူက မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်ပဲ လဲလဲကျနေ၏။

ဖုယွမ်ချွမ်းက ရေသူလေးချော်လဲသွားသည့် အသံကြောင့် နောက်လှည့်ကြည့်လာသည်။

"မင်းအဆင်ပြေရဲ့လား..."

"အင်း...အသားကျဖို့တော့အချိန်ယူရမယ်..."

ဖုယွမ်ချွမ်းက ရေသူလေးကိုလက်ဖဝါးပေါ်တင်လိုက်ကာ မတ်တပ်ရပ်ဖို့ကူညီပေးလိုက်သည်။

"မင်းနဲ့ကြည့်လို့ကောင်းတယ်..."

"တခြားတစ်စုံစမ်းကြည့်ချင်သေးလား..." ဖုယွမ်ချွမ်းက ကျွင်းချင်ယွီနှင့် လိုက်ဖက်မည်ထင်သည့် ဝတ်စုံတော်တော်များများ မှာထားလေသည်။

ကျွင်းချင်ယွီက အိတ်ကိုတစ်ချက်ကြည့်လိုက်သည်။ ဝတ်စုံအားလုံးကိုဝတ်ရန်မှာ အချိန်အတော်ကြာမှာပင်။

ရေသူလေးWhere stories live. Discover now